ဆုံးဖြတ်ချက်ချခြင်း၊ ပြဿနာဖြေရှင်းခြင်း။
ဆုံးဖြတ်ချက်ချခြင်းနှင့် ပြဿနာဖြေရှင်းခြင်းသည် အသင့်တော်ဆုံးနည်းလမ်းကို ရွေးချယ်ဆုံးဖြတ်ခြင်းဖြစ်၍ အခြေခံ အားဖြင့် တူညီကြသည်။ သို့သော် ဆုံးဖြတ်ချက်ချခြင်းသည် အသင့်ရှိပြီးသော နည်းလမ်းများထဲမှ တစ်ခုကို ရွေးချယ် ဆုံးဖြတ်ခြင်း ဖြစ်သည်။ ပြဿနာဖြေရှင်းခြင်းသည် ဖြေရှင်းနိုင်မည့်နည်းလမ်းများကို ဖော်ထုတ်ပြီး ၎င်းနည်းလမ်းများထဲမှ အကောင်းဆုံး နည်းလမ်းကို ရွေးချယ်ဖြေရှင်းခြင်းဖြစ်သည်။
ဆုံးဖြတ်ချက်ချခြင်းအဆင့်များ
- မိမိဆုံးဖြတ်ချက်ချရမည့် အခြေအနေကိုဖော်ထုတ်ပါ။ (မိမိကိုယ်တိုင်လုပ်ဆောင်နိုင်သော အခြေ အနေ ဖြစ်ပါသလား။)
- ရွေးချယ်ရမည့်နည်းလမ်းများကို ပြန်လည်စဉ်းစားပါ။ (အနည်းဆုံးနည်းလမ်း(၃)ခုရှိရမည်။)
- နည်းလမ်းတစ်ခုစီ၏ အားသာချက်၊ အားနည်းချက်များကို ဖော်ထုတ်အကဲဖြတ်ပါ။
- မိမိအတွက် အကောင်းဆုံးနည်းလမ်းကို ဆုံးဖြတ်ပါ။ (အားသာချက်အများဆုံးနှင့် အားနည်းချက်အနည်းဆုံးဖြစ်စေ သည့်နည်းလမ်းသည် အကောင်းဆုံးဖြစ်သည်။)
- ဆုံးဖြတ်ချက်ကိုဆောင်ရွက်ရာတွင် အစီအစဉ်ရေးဆွဲပါ။
- ဆုံးဖြတ်ချက်များ၏ အကျိုးဆက်များကို အမြဲစဉ်းစားပါ။
- ဆုံးဖြတ်ချက်အတိုင်း မဆောင်ရွက်မီ ဆုံးဖြတ်ချက်ကို အောက်ပါအတိုင်း ဆန်းစစ်အကဲဖြတ်ပါ။
- မိမိနှင့် အခြားသူများအပေါ် ရေတိုရေရှည်သက်ရောက်မှုများ
- မိမိ၏ အခြားကဏ္ဍများအပေါ် သက်ရောက်မှု
- လိုအပ်သော ကျွမ်းကျင်မှုများနှင့် ကူညီထောက်ပံ့မှုများ
- ဆုံးဖြတ်ချက်၏ ကောင်းကျိုး၊ ဆိုးကျိုးများ
- ဆုံးဖြတ်ချက်ထက်ပို၍ ကောင်းမွန်သော ရွေးချယ်စရာမရှိစေရ
ပြဿနာဖြေရှင်းခြင်းအဆင့်များ
- ပြဿနာကိုဖော်ထုတ်ပါ။ ထိုပြဿနာသည် မိမိကိုယ်တိုင်အမှန်တကယ်ဖြေရှင်းနိုင်သော အခြေအနေတွင် ရှိပါသလား။
- ပြဿနာကိုဖြေရှင်းနိုင်မည့် နည်းလမ်းအမျိုးမျိုးကိုဖော်ထုတ်ပါ။ (အနည်းဆုံးနည်းလမ်း (၃)မျိုးကိုဖော် ထုတ်ပါ။)
- နည်းလမ်းတစ်မျိုးစီ၏ အားသာချက်နှင့် အားနည်းချက်ကို အကဲဖြတ်ပါ။
- မိမိအတွက် အကောင်းဆုံးသော ပြဿနာဖြေရှင်းနိုင်သည့် နည်းလမ်းကို ရွေးချယ်ဆုံးဖြတ်ပါ။
(အားသာချက်အများဆုံးနှင့် အားနည်းချက်အနည်းဆုံးဖြစ်သော ပြဿနာဖြေရှင်းနည်းသည် အကောင်းဆုံးဖြစ်သည်။) - ပြဿနာဖြေရှင်းနိုင်ရန် စီစဉ်ပါ။