ကလာမိုင်းဒီးယားကို စစ်ဆေးစဉ်တွင် ဘာဖြစ်နိုင်သနည်း။

ကလာမိုင်းဒီးယားကို စစ်ဆေးလျှင် ခွက်တစ်ခွက်ထဲ ဆီးပေါက်ပေးလိုက်ရုံသာဖြစ်ပါသည်။ တစ်ခါတစ်ရံ ဆရာဝန်တစ်ဦးက သင်၏ဆီးထွက်ပြွန်၊ မိန်းမကိုယ်လမ်းကြောင်း၊ သားအိမ်ခေါင်း သို့မဟုတ် စအိုတို့မှဆဲလ်နမူနာအား ဂွမ်းဖတ်ဖြင့်ဖြင့် ရယူစစ်ဆေးနိုင်ပါသည်။ ထိုဆဲလ်နမူနာမှ ကလာမိုင်းဒီးယားဘတ်တီးရီးယားပိုးကို စစ်ဆေးနိုင်သည်။ သင့်ဆရာဝန်သည် စမ်းသပ်စစ်ဆေးစဉ်တွင် သားအိမ်ခေါင်းမှ အရည်များကဲ့သို့ ကလာမိုင်းဒီးယား၏ လက္ခဏာများ  ကိုလည်း တွေ့မြင်နိုင်ပါသည်။