သူငယ်ချင်းရဲ့ ဆွဲဆောင်စည်းရုံးမှုကို ဘယ်လိုငြင်းမလဲ

ဆက်သွယ်ခြင်း၊ လေးနက်စွာဆန်းဝေဖန်ခြင်း၊ မိမိကိုယ်ကိုသိရှိနားလည်ခြင်း။

ရွယ်တူတန်းတူချင်း ဖိအားပေးဆွဲဆောင်လာမှုကို တုံ့ပြန်ငြင်းဆန်ရာတွင် -

၁။        တစ်ဖက်သားက သင့်အားမည်သို့ပြုလုပ်ခိုင်းသည်ကို စဉ်းစားပါ။
၂။        မည်သို့ဆက်ဖြစ်လာနိုင်သည်ကို စဉ်းစားပါ။
၃။        သင်၏တန်ဖိုးထားမှုများကို စဉ်းစားပါ။

ရပ်တည်ချက်ခိုင်မာသောဆက်သွယ်ပြောဆိုမှု

            ရပ်တည်ချက်ခိုင်မာသော ဆက်သွယ်ပြောဆိုမှုသည် ခေါင်းငုံ့ခံသော ဆက်သွယ်ပြောဆိုမှုနှင့် ရန်လိုသော ဆက်သွယ်ပြောဆိုမှု အကြားရှိ ကောင်းမွန်သောဆက်ဆံရေးဖြစ်သည်။ ရပ်တည်ချက်ခိုင်မာစွာ ဆက်သွယ်ပြောဆိုတတ် သူသည် တစ်ဖက်လူ၏ဆန္ဒကိုလေးစားသကဲ့သို့ မိမိ၏ခံစားချက်များကို ရှင်းလင်းစွာတိုက်ရိုက်ပြောဆိုသည်။ အခြားသူများ နှင့် အယူအဆအတွေးအခေါ်များ ကွဲပြားခြားနားသောကြောင့် အနစ်နာခံလိုက်ခြင်း (သို့မဟုတ်) ထိပ်တိုက်ရင်ဆိုင် လိုက်ခြင်းတို့ကို ပြုလုပ်မည့်အစား မိမိ၏သဘောထားဆန္ဒကို တစ်ဖက်လူသိစေရန် ဆက်သွယ်ပြောဆိုနိုင်ကြသည်။ ရပ်တည်ချက်ခိုင်မာစွာ ဆက်သွယ်ပြောဆိုခြင်းဖြင့် လူတို့သည်မိမိတို့၏ဘ၀ကို ပဲ့ကိုင်ထိန်းကျောင်းနိုင်သည်။ မိမိတို့၏ ဆန္ဒများ၊ အပြုအမူများအပေါ် တာဝန်ယူလိုစိတ်ရှိပြီး တာဝန်ယူနိုင်စွမ်းလည်းရှိကြသည်။ ရပ်တည်ချက်ခိုင်မာစွာ  ဆက်သွယ်ပြောဆိုခြင်းကို သင်ယူခြင်းသည် မိမိဆန္ဒကိုတိုက်ရိုက်ဖော်ပြတတ်ရန်နှင့် မိမိကိုယ်မိမိရပ်တည်ကာကွယ် တတ်ရန် သင်ယူခြင်းဖြစ်သည်။