ကျန်းမာရေး အန္တရာယ်

အရက်အလွန်ကြွံသောက်ခြင်းဖြင်း အရက်စွဲလာစေပြီး ဦးနှောက်၊ နှလုံး၊ ပန်ကရိယနှင့် အသည်းတို့ကို ပြန်မကောင်းနိုင်အောင် ပျက်စီးစေသည်။ ခုခံအားစနစ်ကိုလည်း အားနည်းစေကာ ကင်ဆာရောဂါများဖြစ်စေသည်။ ထို့ပြင် ကိုယ်ဝန်ဆောင်စဉ် အရက် သောက်သုံးပါက မွေးလာသောကလေးတွင် အရက်စွဲ လက္ခဏာများပါလာတတ်သည်။ ထိုကလေးများသည် ဦးနှောက်ဖွံ့ဖြိုးမှုနည်းပြီး ပြုပြင်မရသော ခန္ဓာကိုယ် ချို့ယွင်းမှုများလည်း ပါလာနိုင်သည်။