လိင်အင်္ဂါကြွက်နို့၏ လက္ခဏာများမှာ အဘယ်နည်း။

လိင်အင်္ဂါကြွက်နို့၏ အဖြစ်များသောလက္ခဏာများမှာ ကိုင်ကြည့်လျှင်ပျော့စိစိနှင့် အသားအရောင်အတိုင်းရှိသော အဖုလေးများဖြစ်ပြီး ဂေါ်ဖီပန်းပွင့်၏မျက်နှာပြင်နှင့် တုပါသည်။ ထိုကြွက်နို့များသည် တစ်နေရာထဲမက ပေါက်နိုင်ပြီး အစုလိုက်အများကြီး ပေါက်နေနိုင်ပါသည်။ လိင်အင်္ဂါကြွက်နို့များသည် များသောအားဖြင့် နာကျင်မှုမရှိသော်လည်း ယားယံမှုကိုဖြစ်စေနိုင်ပါသည်။

သင်သည် သင်၏မိန်းမကိုယ် သို့မဟုတ် မိန်းမကိုယ်နှုတ်ခမ်းသား၊ သားအိမ်ခေါင်း၊ လိင်တံ၊ စအို သို့မဟုတ် ဆီးထွက်ပြွန်တွင် လိင်အင်္ဂါကြွက်နို့များကို မြင်တွေ့ သို့မဟုတ် စမ်းကြည့်နိုင်ပါသည်။ ရှားသောလည်း သင်၏ပါးစပ်၊ နှုတ်ခမ်း၊ လျှာနှင့် အာခေါင် သို့မဟုတ် လည်ချောင်းတွင်လည်း ပေါက်နိုင်ပါသည်။

လိင်အင်္ဂါကြွက်နို့များသည် ရောဂါပိုးကူးစက်ခံရပြီး (၆)ပတ်မှ(၆)လအတွင်း ပေါက်လာလေ့ရှိပါသည်။ သို့သော် ထို့ထက်လည်း ကြာနိုင်ပါသည်။

သင်သည်ကိုယ်ဝန်ရှိလျှင် သို့မဟုတ် ကိုယ်ခံအားစနစ်သည် HIV/AIDS၊ ဆီးချို သို့မဟုတ် ကင်ဆာအတွက် ဆေးသွင်းကုသခြင်းများကဲ့သို့သော အကြောင်းများကြောင့် အားနည်းနေလျှင် ပိုမိုလျှင်မြန်စွာပေါက်နိုင်ပါသည်။