မရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ

ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးလာခြင်း

ရင်သားဖွံဖြိုးလာခြင်း၊ တင်ကားလာခြင်း နှင့် ခန္ဓာကိုယ် ပြောင်းလဲလာမှုများဖြစ်ပေါ်လာပါသည်။ တဦးချင်း၏ခန္ဓာကိုယ်တည်ဆောက်ပုံအရ ပုံသဏ္ဍာန်၊ အရွယ်အစား၊ အသားအရောင်၊ ကိုယ်အလေးချိန် အမျိုးမျိုး ကွဲပြားခြားနားနေနိုင်ပါသည်။ ကိုယ်အလေးချိန်သည် အသက်အရွယ်နှင့်စာလျှင် ပုံမှန် ဟုတ်ရဲ့လားဟု စိတ်ပူရန်မလိုသကဲ့သို. အခြားသူတစ်ဦးနှင့်လည်း မနှိုင်းယှဉ်သင့်ပါ။

 

                                    ရင်သားအဆင့်ဆင့် ဖွံဖြိုးပုံ

လိင်အင်္ဂါများ ကြီးထွားပြောင်းလဲလာခြင်း

၁။ ရင်သားစတင် ကြီးထွားလာခြင်း

ရင်သားဖွံဖြိုးစအချိန်တွင် နာတတ်သည်။ ရင်သားများသည် ပုံသဏ္ဍာန်၊ အရွယ်အစား အမျိုးမျိုးရှိနိုင်ပါသည်။  ရင်သားသည် မည်မျှ ကြီးမည် (သို့) သေးမည်၊ အပြည့်အဝဖွံ့ဖြိုးရန် မည်မျှ အချိန်ကြာမည်ကို ခန့်မှန်း၍မရနိုင်ပါ။ ပျှမ်းမျှအားဖြင့် ရင်သားများ အပြည့်အဝဖွံ့ဖြိုးရန် ၄-၅ နှစ် အချိန်ယူရပါသည်။

၂။ -အပြင်လိင်အင်္ဂါပြောင်းလဲခြင်း-  မိန်းမကိုယ၊် မိန်းမကိုယ်အဝ၊ မိန်းမလိင်အင်္ဂါအစေ့ (Clitoris) ဖွံဖြိုးကြီးထွားလာသည်။

၃။ သားဥအိမ်ပြောင်းလဲမှု -သားဥများနိုးကြားလာသည်။ သားဥကြွေလာသည်။

-သားအိမ်အရွယ်အစားပြောင်းလဲခြင်း - သားအိမ်အရွယ်ကြီးထွားလာခြင်းနှင့် အတူ အမြှေးပါးထူလာမည်။

-လစဉ်အမြှေးပါးထူလိုက်၊ပြန်ကြွှေလိုက် ဖြစ်လာသည်။ ပြန်ကြွှေခြင်းသည် ရာသီပေါ်ခြင်းကို ဖြစ်ပေါ်စေသည်။

-ရာသီပေါ်စတွင်ရာသီမမှန်ဖြစ်တတ်သည်။

-ရာသီမပေါ်ခင်တွင်အဖြူဆင်းလာတတ်သည်။ (ရာသီသွေးပေါ်ခြင်း အခန်းတွင် အသေးစိတ်လေ့လာနိုင်ပါသည်။) ပုံမှန်ဆင်းသောအဖြူတွင် အနံအသက်မရှိပါ။ အနည်းအငယ်မျှသာထွက်ပါသည်။

ဆီးခုံမွေးပေါက်ခြင်း

အခြားပြောင်းလဲမှုမှာ မိန်းမကိုယ်မှ အဖြူအရည်ဆင်းခြင်း ဖြစ်ပါသည်။  စေးကပ်ကပ်အရည်များ ဖြစ်ပြီး အရည်ကြည် သို့မဟုတ် အဖြူရောင် ရှိနိုင်ကာ အနံ့အသက် မရှိသလောက် ဖြစ်ပါသည်။  မိန်းမကိုယ်သန့်ရှင်းစေရန်အတွက် ထိုအရည်ကို ထုတ်ခြင်းဖြစ်ပါသည်။ ပုံမှန်ဆင်းသောအဖြူသည် အနံအသက်အရှိပါ အနည်းငယ်မျှသာဆင်းပါသည်။

အမျိုးသမီးများအရွယ်ရောက်လာပြီ ဖြစ်ပါသဖြင့် ရေချိုးလျှင် ရင်လျှားဖို့ သင်ပြခြင်း၊ ရှင်မီးဝတ်ခိုင်းခြင်းတို့ကိုသင်ပေးရမည်။

လျင်မြန်စွာ ကြီးထွားသော အရွယ်ဖြစ်၍ အာဟာရပြည့်ဝသော အစားအစာများ စားရန်လိုအပ်ပါသည်။ (အနီရောင်အသားများ၊ ငါး၊ ဥ၊ ပဲ၊ အသဲနှင့် ကလီစာ၊ အစိမ်းရောင်အသီးအနှံ၊ နို့)

လျင်မြန်စွာကြီးထွားဖွံဖြိုးသောအရွယ်ဖြစ်သည့်အတွက် အာဟာရပြည့်ဝသော အစားအစာများကို စားသင့်ပါသည်။

ရာသီပေါ်ချိန်တွင်သန့်ရှင်းစွာ နေထိုင်ရပါမည်။