ဟီးရိုးအင်း (ဘိန်းဖြူ) နှင့် ဘိန်း

ဟီးရိုးအင်း(ဘိန်းဖြူ)မှုန့်ကို ရေနှင့်ရော၍ ဆေးထိုးအပ်နှင့် ထိုးခြင်း၊ အငွေ့ရှုခြင်း၊ အမှုန့်ရှုခြင်းတို့ ပြုလုပ်နိုင်သည်။

လူတို့သည် ၄င်းကိုအကြောင်းအမျိုးမျိုးဖြင့် သုံးစွဲကြသည်။

ဥပမာ-အပေါင်းအသင်းကဆွဲဆောင်ခြင်း၊ အလိုလို စိတ်ပျော်ရွှင်မှုကို ခံစားလိုခြင်း၊ အပန်းဖြေလိုခြင်း။ အချို့မှာ နာကျင်မှု၊ ၀မ်းလျောခြင်း အခြားဝေဒနာများကို ဆေးကုသမှု အနေနှင့် စတင်သုံးစွဲခဲ့သည်။