ဘဝတန်ဖိုးတွေကို မိသားစုက တည်ဆောက်ပေးနိုင်သလား

မိမိကိုယ်ကို သိရှိနားလည်ခြင်း၊ ပြဿနာဖြေရှင်းခြင်း(Problem Solving)။

ကလေးငယ်များရဲ့ ပထမဆုံးသော ပတ်ဝန်းကျင်မှာ ၎င်းတို့ရဲ့မိဘများဖြစ်ပါတယ်။ မိဘများက     ကလေးများအား ပြုစုပျိုးထောင်စဉ်ကာလအတွင်း ကလေးများအတွက် သင်ယူမှုပတ်ဝန်းကျင်ကို ဖြစ်ပေါ်စေခြင်းဖြင့် ကလေးများ၏ ဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေနိုင်ပါတယ်။ ချစ်ခြင်းမေတ္တာ၊ ပျော်ရွှင်ချမ်းမြေ့မှုကိုရရှိပြီး အရက်သေစာနှင့် မူးယစ်ဆေးဝါးသောက်စားခြင်းကင်းရှင်းသော မိဘများ၏ပတ်ဝန်းကျင်တွင်ကြီးပြင်းရသော သားသမီးများသည်လည်း မှန်ကန်သောအရာများကို တန်ဖိုးထား၍ ကြီးပြင်းလာနိုင်ပါတယ်။ အဲဒါကြောင့် မိဘများဟာ သားသမီးတို့အတွက်  အရေးကြီးသော စံပြနမူနာ ယူထိုက်သည့် ပုဂ္ဂိုလ်များ ဖြစ်သင့်ပါတယ်။

သား၊သမီးတွေရှိလာတဲ့အခါမှာလည်း မိမိတို့ရဲ့ တန်ဖိုးထားမှုတွေကို လက်ဆင့်ကမ်းကြရမှာပဲ။ ဒါပေမယ့် ဆယ်ကျော်သက်အရွယ်တွေရဲ့ ခေတ်အခြေအနေအရဖြစ်ပေါ်လာတဲ့ တန်ဖိုးထားမှုတွေဟာ အသက်ကြီးတဲ့ မိသားစုဝင်တွေရဲ့ တန်ဖိုးထားမှုတွေနဲ့ ဆန့်ကျင်ဘက်တွေ ဖြစ်လာတတ်တယ်။ ဒီလိုမတူညီတဲ့ တန်ဖိုးထားမှုတွေကြောင့် မိသားစုရဲ့ဆက်ဆံရေးမှာ မပြေမလည်ဖြစ်လာနိုင်တယ်။

လူတစ်ဦးချင်းစီရဲ့ တန်ဖိုးထားမှုတွေဟာ အလွန်အရေးကြီးပါပြီ။ အဓိပ္ပါယ်ရှိတယ်။ လူအမျိုးမျိုးမှာ မတူညီတဲ့တန်ဖိုးထားမှုတွေရှိတယ်။ လူတစ်ယောက်ဟာ ကိုယ့်ရဲ့ကိုယ်ပိုင်တန်ဖိုးထားမှုတွေအတိုင်း ဆုံးဖြတ်နေထိုင်ဖို့ အရေးကြီးတယ်။ မင်းတို့ လူငယ်တွေအနေနဲ့ ဘာတွေကို တန်ဖိုးထားရမယ်ဆိုတာ သိလာဖို့ သတင်းအချက်အလက်တွေပေးတဲံ့ အဓိကလူတွေကတော့ မင်းတို့ရဲ့ မိသားစုတွေပဲဖြစ်တယ်။ ငယ်စဉ်ကတည်းက မိသားစုတွေရဲ့ အပြောအဆိုအပြုအမူတွေကတစ်ဆင့် မိသားစုရဲ့ တန်ဖိုးထားမှုတွေကို သင်ယူလာကြတာဖြစ်တယ်။