လူတစ်ဦးအတွက်မိသားစုက ဘယ်လောက်ထိ အရေးပါသလဲ

မိသားစု၏အရေးပါပုံ

(က) ချစ်ခင်မှု မေတ္တာပေးခြင်း

မိဘနှင့်သားသမီးအကြား၊ မောင်နှမများအကြား၊ ဇနီးနှင့်ခင်ပွန်းအကြား ချစ်ခင်မှုမေတ္တာကို ပေးနိုင် ပါတယ်။ ထိုချစ်ခင်မှုမေတ္တာကြောင့်ပင် မိသားစုဝင်တစ်ဦးချင်းစီရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာဖွံ့ဖြိုးမှုက အထောက် အကူဖြစ်စေမှာ ဖြစ်ပါတယ်။

(ခ) စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကိုပေးခြင်း

မိသားစုဝင်တစ်ဦးနဲ့တစ်ဦးအကူအညီပေးခြင်း၊ စောင့်ရှောက်မှုပေးခြင်းနှင့် ချစ်ခြင်းမေတ္တာတို့ကြောင့် စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်ခြင်း၊ လူ့အသိုင်းအဝိုင်းအတွင်း နေရာတစ်ခုရရှိစေသည့်ခံစားမှုကို ဖြစ်ပေါ်စေခြင်း စသည့် စိတ်ပိုင်းဆိုင်ရာခံစားမှုများ ရရှိစေနိုင်ပါတယ်။