မဖွယ်မရာကိုင်တွယ်ခြင်း (GROPING )

မဖွယ်မရာကိုင်တွယ်ခြင်း ဆိုသည်မှာ အဘယ်နည်း။

မဖွယ်မရာကိုင်တွယ်ခြင်း ဆိုသည်မှာ “မလိုလားသော” (သို့မဟုတ်) “မသင့်တော်သော” တဏှာရာဂဖြင့် ကိုင်တွယ်ထိတွေ့ခြင်းကို ခေါ်ပါသည်။အခြားသူတစ်ဦးအား ၎င်း ကမကြိုက်နှစ်သက်သော်လည်း တဏှာရာဂဖြင့် ထိကိုင်ခြင်း (သို့မဟုတ်)ပွတ်သပ်ခြင်းဖြစ်ပါသည်။ အများဆုံး ထိကိုင်ခံရသော နေရာများမှာ အမျိုးသမီးတွင် တင်ပါး၊ ရင်သား၊မိန်းမကိုယ် နှုတ်ခမ်းသားနှင့် ပေါင်တို့ဖြစ်ပြီး အမျိုးသားတွင် လိင်တံ၊ ဝှေးစေ့နှင့် တင်ပါးတို့ ဖြစ်ပါသည်။

ဈေး၊ ဘတ်စ်ကား၊ ဂီတပွဲ/ကပွဲများ ကဲ့သို့ လူထူထပ်သော နေရာများသည် ကိုင်တွယ်ပွတ်သပ်မှု  အများဆုံး ကျူးလွန်လေ့ရှိသော နေရာများ ဖြစ်ပါသည်။ တစ်ခါတစ်ရံ အလုပ်ခွင်များနှင့် ကျောင်းများတွင်လည်း ဖြစ်နိုင်ပါသည်။

အလိုမတူဘဲ ကိုင်တွယ်ပွတ်သပ်ခံရပါက ဘာလုပ်မည်နည်း။

ထိုအရာ ထပ်မံမဖြစ်ပွားစေရန် အောက်ပါတို့ကိုကို လုပ်ဆောင်သင့်ပါသည်။ အကြံပြုချက်အချို့မှာ -

  • အဆင်ပြေပါက တစ်ဘက်လူအား ထပ်မံ ထိတွေ့ကိုင်တွယ်ခြင်း မခံလိုကြောင်း ရှင်းရှင်းလင်းလင်းပြောပြပါ။
  • နှစ်ဦးကြား လိုက်နာစောင့်ထိန်းရမည့် စည်းများကို ချမှတ်ထားပါ။
  • လူထူထပ်သည့်နေရာများတွင် မြန်မြန်သွက်သွက်သွားလာပါ။
  • ကျောင်း/အလုပ်ခွင်တွင် ဖြစ်ပါက တာဝန်ရှိသူအား သတင်းပို့ပါ။