ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ

ယောင်္ကျားလေးများတွင် ဖြစ်သောရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ

လူပျို ဖော်ဝင်ချိန်တွင် ခန္ဓာကိုယ်၌ အပြောင်းအလဲ များစွာ ဖြစ်ပေါ်လာပါသည်။ အချို့ ကို အပြင်မှ မြင်နိုင်ပြီး၊ အချို့မှာ အတွင်းတွင် ဖြစ်ပေါ်နေပါသည်။

ရုပ်ပိုင်းဆိုင်ရပြောင်းလဲမှုများမှာ

၁။ ဝက် ခြံ အနည်းငယ် ထွက်လာခြင်း

၂။ အရပ်ရှည်လာခြင်း၊ ခန္ဓာကိုယ် ကြီးထွားဖွံဖြိုးလာခြင်း

၃။အမွှေးအမှင်များပေါက်လာခြင်း

ဝက် ခြံထွက်ခြင်း

အကြောင်းအမျိုးမျိုးကြောင့်  ဝက် ခြံများ မျက်နှာ၊ ကျောကုန်း၊ နေရာအနှံ့တွင် ထွက်နိုင်ပါသည်။ အထူးသဖြင့် လူပျိုဖော် ဝင်ချိန်တွင်  အရေပြားသည် အဆီပိုထွက်ပါသည်။ ထိုအဆီသည် ဘတ်တီးရီးယား၊ ဖုန်မှုန့်များနှင့် ရောကာ ချွေးပေါက်ကလေးများ ပိတ်ပြီး  ဝက် ခြံထွက်ခြင်း ဖြစ်သည်။ အချို့တွင် ဝက် ခြံထွက်ခြင်းမှာ မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်နိုင်ပါသည်။

ဝက် ခြံထွက်ခြင်းကို ကာကွယ်ရန်နှင့် ပျောက်ကင်းရန် အကြံပြုချက်မှာ

  • မျက်နှာကို သန့်သန့်ရှင်းရှင်း ထားပါ။ နေ့စဉ်မျက်နှာကို ရေနွေးဖြင့် ညင်သာစွာ သစ်ပါ။
  • ဝက် ခြံများကို မညှစ်ပါနှင့်။ ပိုးဝင်၍အသက်အန္တရာယ်ဖြစ်တတ်သည်။ (ဝက် ခြံညှစ်ခြင်း သည် အမာရွတ်ကျန်နိုင်ပြီး ဝက် ခြံများ ပိုထွက်စေနိုင် ပါသည်။) ပုံမှန်ထက်အလွန်များပြားလာပါက ကျန်းမာရေးဝန်ထမ်းများ နှင့် တိုင်ပင်ပြီး ညွှန်ကြားချက်အတိုင်းလိုက်နာဆောင်ရွက်ပါ။