ကျန်းမာရေး အန္တရာယ်

ဟီးရိုးအင်း သုံးခြင်းသည် ဆိုးဝါးသော ကျန်းမာရေးပြဿနာ များစွာနှင့် ဆက်နွယ်နေသည်။ သေဆုံးစေနိုင်သော ဆေးလွန်မှု၊ အလိုအလျောက် ကိုယ်ဝန်ပျက်ခြင်း၊ အသည်းရောင်ရောဂါ ဘီ၊ စီ နှင့် HIV ကူးစက်တို့ပါဝင်သည်။ ရေရှည်သုံးစွဲသူများသည် သွေးပြန်ကြောများ ပိတ်ခြင်း၊ နှလုံးအတွင်း မြှေးနှင့် အစို့ရှင်များ ရောဂါပိုးဝင်ခြင်း၊ ပြည်တည်နာများ ပေါက်ခြင်း၊ ၀မ်းချုပ်ခြင်း နှင့် ဗိုက်နာခြင်း၊ အာဟာရ ချို့တဲ့ခြင်း၊ ကိုယ်အလေးချိန်လျော့ခြင်း၊ ရေရှည် စိတ်ခံစားမှု ကင်းမဲ့နေခြင်း၊ အသည်းနှင့် ကျောက်ကပ်ရောဂါများ နှင့် အဆုတ်ရောင်ရောဂါ မျိုးစုံ ဖြစ်နိုင်သည်။ ဟီးရိုးအင်း ထိုးသည့်အခါ ဆေးထိုးအပ်ကို မျှဝေသုံးစွဲပါက HIV နှင့် အသည်း ရောင်ရောဂါ ဘီနှင့်စီ ရောဂါ ပိုးများ ကူးစက်နိုင်သည်။