သားအိမ်ခေါင်းကင်ဆာဆိုသည်မှာ အဘယ်နည်း။

သားအိမ်ခေါင်းသည် သားအိမ် (သန္ဓေသားကြီးထွားသည့် အင်္ဂါ) ၏ ကျဉ်းမြောင်းသွားသော အောက်ဖက်အပိုင်းဖြစ်ပါသည်။ သားအိမ်ခေါင်းသည် သားအိမ်မှ မိန်းမကိုယ် (မွေးလမ်းကြောင်း) သို့ ဆက်သွားပါသည်။

သားအိမ်ခေါင်း ကင်ဆာ သည် သားအိမ်ခေါင်း (သားအိမ်၏ အောက်ပိုင်း) အတွင်းနံရံတလျောက်ရှိ မျက်နှာပြင်ဆဲလ်များတွင် စတင်ဖြစ်ပွား ပါသည်။ သန္ဓေသားသည်သားအိမ်ကိုယ်ထည် (အပေါ်ပိုင်း) ထဲတွင်ကြီးထွားပါသည်။STI ဖြစ်သည့် လိင်အင်္ဂါကြွက်နို့ဖြစ်စေသော ဗိုင်းရပ်စ်ပိုး အချိန် ကြာမြင့်စွာ ကူးစက်ခံထားရခြင်းသည် သားအိမ်ခေါင်းကင်ဆာ အများစု ဖြစ်ရခြင်း၏ အကြောင်းရင်း ဖြစ်ပါသည်။