ဘယ်သူတွေအနိုင်ကျင့်ခံရတတ်သလဲ။

           အနိုင်ကျင့်ခံရတဲ့သူတွေဟာ အားနည်းသူ၊ အားငယ်တတ်သူ၊ ကြောက်တတ်သူတွေဖြစ်တယ်လို့ အထင်ခံရတတ်တယ်။ ဒါ့ကြောင့် အနိုင်ကျင့်တဲ့သူတွေက သူတို့ထက် လူကောင်သေးတဲ့သူ၊ ပြန်မပြောရဲသူ၊ ရှက်ကြောက်တတ်တဲ့သူ၊ ဒါမှမဟုတ် ထူးခြား နေတဲ့သူတွေကို ရွေးချယ်တတ်ကြပါတယ်။ မင်းဟာ တစ်နည်းနည်းနဲ့ ထူးခြားနေသလား၊ ဥပမာ- မင်းမျက်မှန်တပ်ထားသလား၊ မင်းဆံပင်ကအနီရောင်ဖြစ်နေသလား၊ ပိန်သလား၊ ၀သလား၊ အရွယ်နဲ့မလိုက်အောင်ပုသလား၊ ရှည်သလား၊ စကားဝဲတာတွေ ဖြစ်နေသလား။ အမှန်ကတော့သဘာဝတရားကြီးက မင်းကို ထူးချွန်တဲ့ တစ်မိပေါက်တစ်ယောက်ထွန်းလူတစ်ယောက်ဖြစ်အောင် အထူးပုံပန်းသဏ္ဍာန်နဲ့ အထူးကိုယ်ရည်ကိုယ်သွေးတွေပေးထားတာပါ။ `ထူးခြားတယ်´ဆိုတာပိုကောင်းတယ်၊ ပိုဆိုးတယ်ဆိုတဲ့ အဓိပ္ပါယ်မရပါဘူး။ `ထူးခြားတယ်´ လို့ပဲအဓိပ္ပါယ်ရပါတယ်။ ဒါကိုဂုဏ်ယူပါ။ ပျော်ရွှင်ပါ။ ရှက်ကြောက်စရာမလိုပါ။