HIV/AIDS ဗိုင်းရပ်စ် ဆိုင်ရာကဲ့ရဲ့ပြစ်တင်ခြင်းများကို အဆုံးသတ်ခြင်း

HIV သည်ပိုးတစ်ခုသာဖြစ်ပါသည်။ ယင်းသည် ကူးစက်ခံရသူ၏ ဘ၀အား ပြောင်းလဲသွားစေသည်မှာ မှန်ပါသည်။ သို့သော် ထိုရောဂါကြောင့် လူတစ်ယောက်၏ဘ၀ ပျက်စီးဆုံးရှုံးသွား သည်အထိ မဖြစ်သင့်ပါ။ HIV ကူးစက်ခံရပြီးနောက်ပိုင်းတွင်လည်း ရှေ့ဆက်လျှောက်လှမ်း ရမည့်ဘ၀ ရှိရပါမည်။

သင်သည် ရောဂါကူးစက်ခံရလျှင်လည်း စိတ်ဓါတ်ခွန်အားကို စုစည်းကာ ကြောက်ရွံ့ခြင်းနှင့် အဆိုးမြင်သော အတွေးအခေါ်များကို ဖယ်ရှားသင့်သည်။ သို့မှသာသင်ကဲ့သို့  အလားတူအခြေအနေမျိုးကို ရင်ဆိုင်နေရသော အခြား သူများသည် သင့်ထံမှခွန်အားများရရှိကာ မျှော်လင့်ချက်များ ရှင်သန်လာနိုင် ပါသည်။

လူများတွင် မသိနားမလည်မှုကို အခြေပြုသောကြောက်ရွှံ့မှုနှင့် အပျက် သဘောဆောင်သော သဘောထား ခံယူချက်များ ရှိနေပါ သည်။ သို့သော် သင်သည် ထိုသူများအား ပွင့်လင်းစွာပညာပေးခြင်း ဖြင့် ခွန်အားနှင့် အသိဉာဏ်များ တိုးပွားလာစေနိုင်ပါသည်။ HIV သည် လူအများအပြားမှ ကြောက်ရွှံ့သော၊ မလိုမုန်းထားသော (သို့မဟုတ်) အဆိုးမြင်သော ရောဂါပိုး ကူးစက်မှုတစ်ခု ဖြစ်ပါသည်။

ကြောက်ရွှံ့မှုကြောင့် လူအချို့သည် HIV/AIDS ကူးစက်ခံထားရသူ အချို့အား ကဲ့ရဲ့ပြစ်တင်ကြပါသည်။ ထိုအခါစော်ကားမှု၊ ပစ်ပယ်မှု၊ အတင်းပြောဆိုမှုနှင့် သာရေးနာရေးများတွင် ပါဝင်ခွင့်မပေးဘဲ ဖယ်ချန်ထားမှုတို့ ဖြစ်နိုင်ပါသည်။ သို့သော်သင်သည်ရောဂါနှင့် လူကိုခွဲခြား ကြည့်တတ်ဖို့လိုပါသည်။

မိမိကိုယ်မိမိပြစ်တင်ကဲ့ရဲ့ခြင်း (သို့မဟုတ်) အချင်းချင်းပြစ်တင် ကဲ့ရဲ့ခြင်းသည်လည်း တန်းတူထိခိုက် ပျက်စီးစေနိုင်ပါသည်။ ထိုသို့ ခွဲခြားဆက်ဆံခံရမည်ကို ကြောက်ရွှံ့သောကြောင့် အကူအညီနှင့် ကျန်းမာရေး စောင့်ရှောက်မှုကို ရယူရန်ယုံကြည်ချက်မရှိ ဖြစ်စေ ပါသည်။ မိမိကိုယ်မိမိပြစ်တင်ကဲ့ရဲ့ခြင်းဆိုးရွားသော တုံ့ပြန်မှုများနှင့် ကြောက်ရွှံ့စိတ် များက ဗိုင်းရပ်စ်ပိုးအား ၀န်းပတ်ကာရံထားသဖြင့် HIV ကပ်ဘေးဆိုးအား တိုက်ဖျက်ရန်ကြိုးပမ်းမှုများကို ဟန့်တား နှောင့်ယှက်နေပါသည်။

သင်၏ HIV အနေအထား မည်သို့ပင်ရှိစေကာမူ ၀ိုင်းဝန်းကဲ့ရဲ့ ပြစ်တင်မှု များကို ရင်ဆိုင်ဖြေရှင်းနိုင်သော နည်းလမ်းအချို့ကို ဖော်ပြထားပါသည်။

  • HIV အကြောင်း သင့်ကိုယ်သင်နှင့် အခြားသူများကို ပညာပေးပါ။ သူတပါးကို လေးစားတတ်ရန်နှင့် ချစ်ခင် နှစ်သက်တတ်ရန်၊ ရောဂါပိုးအန္တရာယ်ကို သတိထား တတ်စေရန် ပြောပြပေးပါ။
  • HIV နှင့်သက်ဆိုင်သော အထင်အမြင်မှားများနှင့် တကယ့်ဖြစ်ရပ်မှန်များကို လေ့လာပါ။ ထိုသတင်း အချက်အလက် များကို အသုံးပြုကာ အထင်မှားအမြင်မှား များကို ပြင်ပေးပါ (ဥပမာ) သင်သည် HIV ပိုးရှိသူနှင့် ပွေ့ဖက်ခြင်း၊ နမ်းရှုံ့ခြင်း (သို့မဟုတ်) လက်ဆွဲ နှုတ်ဆက်ခြင်းသာမက ခြင်ကိုက်ခြင်း ကြောင့်လည်း HIVမကူးစက်နိုင်ပါ)
  • HIV ကူးစက်ခံရခြင်းသည် လိင်ဆက်ဆံခြင်းနှင့် လိင်ဆက်ဆံဖက် များပြားခြင်းတို့ကြောင့် ကူးစက်နိုင် သည်ဆိုသော်လည်း အခြားနည်းလမ်းများကြောင့် ကူးစက်နိုင်ချေရှိကြောင်း လူအများအား အသိပေးပါ။
  • ခွဲခြားဆက်ဆံနေသူများအား ရင်ဆိုင်ကာ၎င်းတို့၏ လုပ်ဆောင် မှုသည် ထိခိုက်နစ်နာစေပြီး အန္တရာယ် များသည့်အကြောင်းများကို နားလည်အောင်ကူညီပါ။ HIV ကူးစက်ခံထားရသူများအား ဝေဖန်သတ်မှတ်ခြင်းနှင့် ကဲ့ရဲ့ရှုတ်ချခြင်းတို့သည် ဗိုင်းရပ်စ်ပိုးအား  ဆက်လက် ရပ်တည်နေနိုင်အောင် ကူညီပေးနေခြင်းဖြစ်ရုံ သာမက ပိုမိုများပြားသော လူများထံလည်း ဆက်လက်ကူးစက် ပျံ့နှံ့စေမည် ဖြစ်သည်။
  • HIV အား လူများတွင်ဖြစ်နေသည့် အခြားရောဂါများနှင့် ဘာမျှ မကွာခြားဟုရှုမြင်ပါ။
  • သင်၏HIVပိုးကူးစက်ခံထားရသော အခြေအနေကို ပြောပြပါ။ ကြီးကြီးငယ်ငယ်၊ ပိန်ပိန်၀၀၊ လိင်ဆက်ဆံဖော် များသူ၊ နည်းသူ မည်သူမဆို HIV ကူးစက်ခံရနိုင်ကြောင်း လူအများသိရှိအောင် ပြောပြပါ။
  • သင်၏ခွန်အားများကိုမျှဝေပေးကာအခြားသူများအားစစ်ဆေးမှုခံယူရန်နှင့်ဝိုင်းဝန်းကဲ့ရဲ့ပြောဆိုမှုများကိုရင်ဆိုင်ံ်လာနိုင်သင်မှ အားပေးတိုက်တွန်းပေးပါ။