အခြား အန္တရာယ်

ဟီးရိုးအင်းသည် မည်သည့်နည်းနှင့် သုံးစွဲသည် ဖြစ်စေ အလွန်အမင်း စွဲလမ်းလွယ်သည်။ သို့သော် သုံးစွဲသည့်နည်းလမ်း (ဆေးထိုးခြင်းနှင့် ရှုခြင်း) မှာ ဦးနှောက်သို့ အမြန်ဆုံး ရောက်ရှိ စေပါက စွဲလမ်းမှု အများဆုံးဖြစ်သည်။ လူတစ်ဦးသည် ဆေးစွဲသွား ပါက (ကျောင်းစာ၊ အလုပ် တို့တွင် စိတ်မ၀င်စားဘဲ ၊ အခြား စိတ်ဝင်စားပျော်ရွှင်စရာ မရှိ တော့ဘဲ) ဆေးရှာ၍ သုံးစွဲခြင်းမှာ ၄င်းတို့၏ ဘ၀ တွင် အဓိကအရေးကြီးဆုံး ဖြစ်လာသည်။ ဟီးရိုးအင်း သုံးစွဲသူများသည် ဆေးဝယ်နိုင်ရန်အတွက် ရာဇ၀တ်မှုများ ကျူးလွန်နိုင်သည်။ ကိုယ်ခန္ဓာကိုရင်း၍ ငွေရှာ နိုင်သည်။ ရောဂါကုသရန်ရည်ရွယ်၍ မှတ်ပုံတင်သုံးစွဲ ခြင်းမဟုတ်လျှင် တရားဥပဒေအရ အရေးယူခံရနိုင်သည်။