ကလာမိုင်းဒီးယား၏လက္ခဏာများမှာအဘယ်နည်း။

ကလာမိုင်းဒီးယားသည် ကိုယ်ကာယပိုင်းဆိုင်ရာ လက္ခဏာများပြသလေ့မရှိပါ။ ထို့ကြောင့် ထိုရောဂါရှိသူလူအများစုသည် ရောဂါရှိနေမှန်းမသိကြပါ။ သင့်ထံတွင်ရှိနေလျှင်လည်း သင်သေချာသိမည်မဟုတ်ပါ။ သို့သော် အောက်တွင်လက္ခဏာ အချို့ကိုဖော်ပြထားပါသည်။ ထို့ကြောင့်သင်ခန္ဓာကိုယ်ပေါ်တွင် ထိုလက္ခဏာများတွေ့ရှိရပါက ချက်ချင်းစစ်ဆေးမှု ခံယူရမည်ဖြစ်သည်။

  • ဆီးသွားချိန်တွင် နာကျင်၍ပူခြင်း
  • လိင်ဆက်ဆံစဉ် နာကျင်ခြင်း
  • ၀မ်းဗိုက်အောက်ပိုင်း နာကျင်ခြင်း
  • မိန်းမကိုယ်မှ ပုံမှန်မဟုတ်သော အရည်ဆင်းခြင်း (အ၀ါရောင်၊အနံ့ပြင်းသောအရည်)
  • ရာသီလာချိန် တစ်ကြိမ်နှင့်တစ်ကြိမ်ကြား သွေးဆင်းခြင်း
  • လိင်တံမှပြည် (သို့မဟုတ်) အရည်ကြည်/အဖြူရောင်အရည်များ ဆင်းခြင်း
  • ဝှေးစေ့များရောင်ရမ်းခြင်း (သို့မဟုတ်) နာကျင်ခြင်း
  • စအိုတစ်ဝိုက်တွင် နာကျင်ခြင်း၊ အရည်ဆင်းခြင်းနှင့်/ သို့မဟုတ် သွေးထွက်ခြင်း