မိန်းမကိုယ်မှ ပုံမှန်မဟုတ်သော အရည်များဆင်းခြင်း/ ပူခြင်း သို့မဟုတ် ယားယံခြင်းတို့ ဖြစ်နေပါသည်။

မိန်းမကိုယ်မှ ပုံမှန်မဟုတ်သော အရည်များဆင်းခြင်းဆိုသည်မှာ ပမာဏ၊ အရောင် သို့မဟုတ် အနံ့များ ပုံမှန်မဟုတ်ခြင်းဖြစ်ပြီး ထိုသို့ သော လက္ခဏာသည် မိန်းမကိုယ်တွင်း ရောဂါပိုးဝင်သည့် အဖြစ်အများဆုံး လက္ခဏာဖြစ်ပြီး လိင်မှတစ်ဆင့်ဖြစ်စေ (ထရိုင်ခိုမိုးနပ်စ်ပိုးဝင်ခြင်း) သို့မဟုတ် လိင်မှတစ်ဆင့် မဟုတ်ဘဲဖြစ်စေ (ဘတ်တီးရီးယားပိုးကြောင့် မိန်းမကိုယ်တွင်းဝင်ခြင်း၊ မှိုစွဲခြင်း) ဖြစ်နိုင်ပါသည်။ မိန်းမကိုယ်မှ အရည်ဆင်းခြင်းသည် STI ကြောင့်ဖြစ်နိုင်သော်လည်း အဖြစ်နည်းပါသည်။

 သင့်အခြေအနေ မည်သို့ ဖြစ်နိုင်သနည်း။

မိန်းမကိုယ်မှ ပုံမှန်ထွက်သော အရည်များသည် အရောင်ကြည်လင်သော အရည်ကြည်ဖြစ်ပြီး အနံ့မရှိပါ (သို့မဟုတ် အနည်းငယ်သာရှိ)။ ဓမ္မတာရာသီစက်ဝန်း၏ အလယ်တွင်အရောင် အနည်းငယ် အရောင်ပိုနောက်ကာ ကပ်စေးစေးဖြစ်ပြီး ပမာဏနည်းသွားခြင်းသည် ပုံမှန်ဖြစ်ပါသည်။
 

သင်၏ မိန်းမကိုယ်မှထွက်သော အရည်သည် ပုံမှန်နှင့် မတူပါက သင်၏ မိန်းမကိုယ် သားအိမ်ခေါင်း သို့မဟုတ် တင်ပဆုံရိုးကွင်းအတွင်း ရောဂါပိုးဝင်ရောက်နေခြင်း ဖြစ်နိုင်ပါသည်။

သင်ဘာလုပ်နိုင်မည်နည်း။

ရောဂါသတ်မှတ်ရန် နှင့် ကုသမှု ရရှိရန်အတွက် ဆေးကုသစောင့်ရှောက်မှုကို တတ်နိုင်သမျှ အမြန်ဆုံး ရယူပါ။