သုတ်ရည်ကို အပြင်သို့ စွန့်ထုတ်ခြင်း

ဤနည်းလမ်းတွင် အမျိုးသားသည် သုတ်ရည်မထွက်မီ အမျိုးသမီး၏ မိန်းမကိုယ်ထဲမှ လိင်တံကို  ထုတ်ပြီး သုတ်ရည်ကို ပြင်ပသို့ ထုတ်ရသည်။
နှစ်ဦးလုံး ကြိုတင် သဘောတူထားပြီးဖြစ်ရပါမည်။

ကောင်းကျိုးများ

ဤနည်းလမ်းသည် ရိုးရှင်းပါသည်။ အခြားမည်သည့် အခြေအနေမျိုးတွင်မဆို အသုံးပြုနိုင်သောနည်းဖြစ်ပါသည်။

မကောင်းကျိုးများ

  • ဤနည်းလမ်းသုံးသူ (၅) ဦးလျှင် တစ်ဦးခန့်မှာ မလိုလားသော ကိုယ်ဝန် ရနိုင်ခြေရှိပါသည်။
  • သားဆက်ခြားသော အာနိသင်နည်းသည်။
  • အမျိုးသားမှ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းနှင့် အလေ့အကျင့်လည်း များစွာလိုအပ်သည်။
  • ဤနည်းလမ်းသည် လိင်မှတစ်ဆင့် ကူးစက်သောရောဂါများကိုလည်း မကာကွယ်နိုင်ပါ။