လိင်၊ ကျားမ လူမှုအခန်းကဏ္ဍ နှင့် ကျားမ သတ်မှတ်ချက်တို့မှာ မည်သို့ ခြားနားပါသလဲ

လူများအဖို့ လိင်၊ ကျားမ ရေးရာ နှင့် ကျားမ သတ်မှတ်ချက် တို့မှာ ရှုပ်ထွေးစေတတ်သည်။ သို့သော် ၄င်းတို့မှာ အမှန်စင်စစ် ကွဲပြားခြားနားပေသည်။

  • လိင်မှာ သင်မွေးစဉ်က လိင်အင်္ဂါများအပေါ်အခြေခံ၍ ကျား (သို့မဟုတ်)မ အဖြစ် သတ်မှတ်ချက်ပေးခြင်း ဖြစ်သည်။
  • ဓလေ့ထုံးစံ တစ်ခုစီတွင် ကျားမ ရေးရာကို လိုက်၍ မည်သို့ပြုမူရမည်ကို သတ်မှတ်ထားသည့် စံနှုန်းများ ဖြစ်သည်။
  • ကျားမ သတ်မှတ်ချက်ဆိုသည်မှာ - သင်မည်သူဖြစ်သည်ကို သင်၏ အတွင်းစိတ်မှ ခံစားမှတ်ယူမှုနှင့် ထိုခံစားချက်များကို သင်၏ ပြုမူပုံ၊ ပြောဆိုပုံ၊ ၀တ်စားပုံတို့မှတစ်ဆင့် သင့်ကိုယ် သင် ဖေါ်ပြပုံကို ဆိုလိုသည်။ ဤခံစားမှုမှာ အလွန်ငယ်သည့် အချိန်ကပင် စတင်ခဲ့သည်။