အဓမ္မပြုကျင့်ခြင်း (Rape)
အဓမ္မပြုကျင့်ခြင်း (Rape) ဆိုသည်မှာ အဘယ်နည်း။
အဓမ္မပြုကျင့်ခြင်း ဆိုသည်မှာ “တစ်စုံတစ်ဦး၏ စိတ်သဘောဆန္ဒကို ဆန့်ကျင်လျက် များသောအားဖြင့် ခွန်အားသုံးခြင်း/အကြမ်းဖက်ခြင်း (သို့မဟုတ်) လက်နက်သုံးခြင်း ဖြင့် အတင်းအကြပ် လိင်ဆက်ဆံမှုပြုခြင်း” ဖြစ်ပါသည်။ 
အဓမ္မပြုကျင့်မှုတစ်ခု ဖြစ်ကြောင်း မည်သို့ သိရှိနိုင်မည်နည်း။
မြန်မာနိုင်ငံဥပဒေများတွင် သတ်မှတ်ပြဋ္ဌာန်းထားသည်မှာ အောက်ဖော်ပြပါ အခြေအနေ ငါးရပ်အနက်မှ မည်သည့် အခြေအနေတွင်မဆို အမျိုးသားတစ်ဦးသည် အမျိုးသမီးတစ်ဦးနှင့် လိင်ဆက်ဆံမှုပြုပါက အဓမ္မပြုကျင့်မှုမြောက်ပါသည်။
၁။  အမျိုးသမီး၏ စိတ်ဆန္ဒမပါဘဲ
၂။ အမျိုးသမီး၏ သဘောတူညီမှု မပါဘဲ
၎။  သူမ၏ သဘောတူညီမှုပါလျှင်ပင် အမျိုးသားက သူသည် အမျိုးသမီး၏ ခင်ပွန်းမဟုတ်မှန်းသိနေသော်လည်း အမျိုးသမီးမှာမူ သူမ တရားဝင်လက်ထပ်ထားသော (သို့မဟုတ်) တရားဝင်လက်ထပ်မည့်အမျိုးသားဟု ထင်မှတ်ကာ ပေးသော သဘောတူညီမှုဖြစ်နေခြင်း
၅။  ပြစ်မှု (သို့မဟုတ်) အဓမ္မပြုကျင့်မှုမြောက်ရန်အတွက် လိုအပ်သော လိင်ဆက်ဆံမှုအဖြစ် သတ်မှတ်ရန် လုံလောက်သည်ထိ ထိုးသွင်းမှု ပြုခြင်း
အဓမ္မပြုကျင့်မှု၏ အကျိုးသက်ရောက်မှုများမှာ အဘယ်နည်း။
၁။ စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုအမျိုးမျိုး
၂။ ကိုယ်ကာယပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာများ
  • ပွန်းပဲ့ဒဏ်ရာများ၊ နာကျင်မှု၊ မိန်းမကိုယ်တစ် ဝိုက်တွင် ကျိန်းစပ်နာကျင်ခြင်း၊ သွေးထွက်ခြင်းနှင့် အတင်းအဓမ္မထိုးသွင်းခြင်းကြောင့် မိန်းမကိုယ်နှင့် အစာဟောင်းအိမ်တစ်ဝိုက် စုတ်ပြဲမှုများ
၃။  ကိုယ်ဝန်ရှိခြင်း၊
၎။  လိင်မှတစ်ဆင့်ကူးစက်သော ကာလသားရောဂါများ နှင့်/သို့မဟုတ် အိတ်ခ်ျအိုင်ဗီ ရောဂါ ရ ရှိ ခြင်း။
အဓမ္မပြုကျင့်ခြင်းမခံရအောင် မည်သို့ ရှောင်ရှားနိုင်မည်နည်း။
အဓမ္မပြုကျင့်ခြင်းကို ကာကွယ်တားဆီးရန်မှာ အခြေခံအားဖြင့် သင်၏ တာဝန်မဟုတ်ပါ။ ထို့ကြောင့် သင့်အား ထိုအန္တရာယ်မှ အပြည့်အ၀ ဘေးကင်းလုံခြုံအောင် စောင့်ရှောက်ပေးနိုင်သော လုပ်ဆောင်ချက်များ မရှိပါ။ သို့သော် သင်ဘေးကင်းလုံခြုံစေရန် နှင့် ပိုမိုလုံခြုံသည်ဟု ခံစားရစေရန်အတွက် အသုံးတည့်မည့် ရိုးစင်းသော အကြံပြုချက်အချို့ ရှိပါသည်။ ထိုအကြံပြုချက်များထဲမှ အချို့မှာ -
  • လူစိမ်းများထံမှ လက်ဆောင်များကို ငြင်းဆန်ပါ။ လူစိမ်းများနှင့်လည်ပတ်မှုတို့ကို ရှောင်ရှား ပါ။
  • ညမိုးချုပ်အပြင်ထွက်ခြင်းများကို ရှောင်ရှားခြင်း၊
  • မှောင်သော၊ လူပြတ်သော လမ်းများ (သို့မဟုတ် ) လမ်းထောင့်များကို ရှောင်ရှားပါ။
  • လူမှန်းသူမှန်းမသိသည်ထိ အရက်မူးမသွားစေရန် ဂရုစိုက်ပါ။
အဓမ္မပြုကျင့်ခံရပြီးနောက်တွင် မိမိကိုယ်မိမိ မည်သည့်အခါမျှ အပြစ်ရှိသည်ဟု မခံစားပါနှင့်။ အပြစ်ရှိသူမှာ အဓမ္မပြုကျင့်သူသာ ဖြစ်ပါသည်။
အဓမ္မပြုကျင့်ခံရလျှင် (သို့မဟုတ် ) လိင်ပိုင်းဆိုင်ရာ ကျူးလွန်တိုက်ခိုက်ခံရလျှင် ဘာလုပ်နိုင်မည်နည်း။
အဓမ္မပြုကျင့်ခံရပါက သို့မဟုတ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်တိုက်ခိုက်ခြင်း ခံရပါကအောက်ပါအတိုင်း လုပ်ဆောင်ရမည်။
  • ဘေးကင်းလုံခြုံသည့် နေရာတစ်ခုသို့ ရောက်အောင်သွားပါ။
  • ယုံကြည်ရသည့် သူတစ်ဦးဦး၊ မိတ်ဆွေသူငယ်ချင်း (သို့မဟုတ်) မိသားစုဝင်အား ဆက်သွယ်ကာ အဖြစ်အပျက်ကို ပြောပြပါ။
  • အဓမ္မပြုကျင့်ခံရပြီးနောက် ခြေလက်ဆေးကြောခြင်း (သို့မဟုတ်) ရေချိုးခြင်း (သို့မဟုတ်) အ၀တ်အစားများကို မလဲရ။ လျှော်ဖွပ်ခြင်း မပြုရ။
  • ကျန်းမာရေးဝန်ဆောင်မှုပေးသူတစ်ဦးထံသို့ အမြန်ဆုံး တန်းသွားပါ။ အရေးပေါ်ကုသမှုနှင့်လိုအပ်သောအထောက်အထားများ   ကို စုဆောင်းပေးရန်လိုအပ်ပါသည်။
  • မလိုချင်သည့် ကိုယ်ဝန်၊ အိတ်ခ်ျအိုင်ဗီနှင့် ကာလသားရောဂါများကို တားဆီးကာကွယ်ရန် လိုအပ်သည်။
  • နီးစပ်ရာ ရဲစခန်းသို့တိုင်ကြားပါ။
 ထိုအဖြစ်အပျက်အား မည်သို့ ရင်ဆိုင်ကျော်လွှားသွားနိုင်မည်နည်း။
အဓမ္မပြုကျင့်ခံရသူသည် အဓမ္မပြုကျင့်ခံရစဉ်အတွင်း၊ အဓမ္မပြုကျင့်ခံရပြီးပြီးချင်းနှင့် ပြုကျင့်ခံရပြီး အချိန်အတော်ကြာ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ခံစားချက်ပိုင်းဆိုင်ရာ ဒဏ်ရာများအား အတိုင်းအတာတစ်ခုထိ ခံစားရနိုင်ပါသည်။ယခုမေးခွန်းအတွက် အဖြေသည် အတိအကျဖြေရန် ခက်ခဲသော်လည်း မကြာမကြာနှစ်သိမ့်ဆွေးနွေးမှုများခံယူခြင်း၊ မိမိကိုယ်ကို ခေတ္တခဏ အနားပေးပါ။ ထို့နောက် သင်၏  ခွန်အားကိုပြန်ပြည့်ကာ  ပြန်စပါ။ ရင်ဆိုင်လှမ်းတက်ရမည့် နောက်ထပ် ခြေလှမ်းတစ်ရပ်ကို ထပ်လှမ်းလိုက်ပါ။ သို့သော် ပထမခြေလှမ်းကို သင်မလှမ်းရသေးပါက ဤစာများကို ဖတ်ရှုခြင်းဖြင့် စတင်လိုက်ပါ။