ကွန်ဒုံးကို (latex)ရာဘာဖြင့် ပြုလုပ်ထားသည်။ မိန်းမကိုယ်အတွင်းသို့ သုတ်ရည်မ၀င်အောင် တားပေးပါသည်။
အသုံးပြုပုံ
- အခန်းအပူချိန်တွင် သိမ်းဆည်းပါ။
- အပူရှိန်နှင့် တိုက်ရိုက်နေရောင်ခြည်အောက်တွင် မထားရပါ။
သင် ကွန်ဒုံးအသုံးပြုသည့်အခါတိုင်း |
သက်တမ်းကုန်ရက်စွဲကို စစ်ဆေးပါ၊သက်တမ်းကုန်နေသော ကွန်ဒုံးများကို မသုံးရ။ |
ကွန်ဒုံးအထုပ် ပေါက်ပြဲနေပါက(သို့မဟုတ်) ခြောက်သွေ့နေပါက မသုံးရပါ |
ကွန်ဒုံးအထုပ်ကို သွား (သို့) ချွန်ထက်သော အရာဖြင့် မဖောက်ရ |
လိင်တံတင်းမာနေချိန်တွင် ကွန်ဒုံးကို စွပ်ပါ |
ကွန်ဒုံးကို လိင်တံအရင်းထိရောက်အောင် ဆွဲချပါ |
ကွန်ဒုံးထိပ်တွင်လေမခိုစေရန် ကွန်ဒုံးထိပ်ဖျားကို လက်နှင့်ညှစ်ပြီးမှ ကွန်ဒုံးကို စွပ်ပါ |
လိင်ဆက်ဆံနေစဉ် ပေါက်ပြဲမှုကို ကာကွယ်ရန်အတွက် ကွန်ဒုံး နှစ်ထပ် မသုံးရပါ |
သုတ်ရည် ထုတ်လွတ်ပြီး။လိင်တံမပျော့မီ ပြင်ပသို့ ထုတ်ပြီး ကွန်ဒုံးကိုချွတ်ပါ။ ပေါက်ပြဲခြင်းရှိ/မရှိ စစ်ဆေးပါ။ |
ကွန်ဒုံးကို ကြွတ်ကြွတ်အိတ်ဖြင့်ထုတ်ပြီး အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်ပါ။ |
လိင်ဆက်ဆံမှု တစ်ခါပြုတိုင်း ကွန်ဒုံးအသစ်ကို သုံးပါ။ |
ကောင်းကျိုးများ
- လိင်မှတစ်ဆင့် ကူးစက်ရောဂါများမှ ကာကွယ်ပေးသည်
- စနစ်တကျ အသုံးပြုပါက ကိုယ်ဝန်မရရှိအောင် ကာကွယ်ပေးသည်။
- လွယ်ကူစွာ ရရှိနိုင်၍ ငွေကြေးအကုန်အကျ သက်သာသည်။
- ကွန်ဒုံးကို မှန်ကန်စွာအသုံးပြုပါက ၈၀ % ခန့် စိတ်ချနိုင်ပါသည်။
မကောင်းကျိုးများ
- လိင်ဆက်ဆံစဉ် ခံစားမှုနှင့် အထိုက်အလျောက် လိင်စိတ်ခံစားမှု လျော့နိုင်သည်။
- အရေပြား ဓါတ်မတည့်မှု ဖြစ်နိုင်သည်။
- ပုံမှန်အသုံးပြုသူ အမျိုးသမီး (၁၀၀) တွင် တစ်နှစ် အတွင်း မရည်ရွယ်သော ကိုယ်ဝန်ရရှိသူ (၁၈) ဦးနှင့် အထက် ရှိပါသည်။