အမေးများသော မေးခွန်းများ

Q: ပထမဆုံးအကြိမ်  အပျိုစင်များ လိင်ဆက်ဆံရာတွင် နာကျင်မှုဖြစ်ပြီး သွေးအနည်းငယ်ခန့် ထွက်မှသာ အပျိုစစ်ဖြစ်သည်ဆိုသည်မှာ မှန်ပါသလား။

A: ၁၀၀% မမှန်ပါ။ ငယ်စဉ်က ကြမ်းတမ်းသော ကစားနည်းများနှင့် ထိခိုက်မှုများကြောင့် မိန်းမကိုယ်အ၀ကို ဖုံးထားသော အလွန်းပါးလွှာသည့် အမြှေးပါး(Hymen) ပေါက်ပြဲပြီးသား ဖြစ်နိုင်ကာ ပထမဆုံးအကြိမ်လိင်ဆက်ဆံရာတွင် နာကျင်ပြီး သွေးထွက်ခြင်း ရှိချင်မှရှိနိုင်ပါသည်။

Q: ပထမဆုံးအကြိမ် လိင်ဆက်ဆံမှုတွင် နာကျင်မှု သက်သာအောင် မည်သို့ လုပ်နိုင်မည်လဲ၊

A: လိင်ဆက်ဆံစဉ် စိတ်လျော့ထားခြင်းမှာ အကောင်းဆုံးဖြစ်ပါသည်။ သင်သည် လိင်ဆက်ဆံရန် အဆင်သင့်ဖြစ်သည်ဟု အတွင်းစိတ်မှ သေချာမှသာ လိင်ဆက်ဆံသင့်ပါသည်။ တဥိးနှင့်တဦးနားလည်မှုရှိပြီး စိတ်ရှည်ရန်လိုအပ်ပါသည်။ အမျိုးသမီးကိုယ်တိုင်လိင်ဆက်ဆံရန်ဆန္ဒအမှန်တကယ်ရှိပြီးမိမိကိုယ်ကိုယုံကြည် မှု ရှိကာစိတ်လျော့ထားဖို့လိုအပ်ပါသည်။

Q: ပထမဆုံးအကြိမ် လိင်ဆက်ဆံမှုတွင် ကိုယ်ဝန် ရရှိနိုင်သလား။

A: ကိုယ်ဝန်ရရှိနိုင်ပါသည်။ ပထမဆုံးအကြိမ်ပင်ဖြစ်စေကာမူ သန္ဓေတားနည်းလမ်းတစုံတရာကိုသုံးမထားခဲ့လျှင် သင်ကိုယ်ဝန် ရနိုင်ပါသည်။ ထို့အတူ သုက်ရည်လွှတ်သောအဆင့်မတိုင်ခင်ထွက်သော အရည်၌ပင် သုက်ပိုးအချို့ ပါဝင်နိုင်၍ ကိုယ်ဝန်ရနိုင်ခြေ ရှိပါ သည်။

Q: ကျွန်တော်၏ လိင်တံအရွယ်အစားသည် ပုံမှန်ဟုတ်ပါရဲ့လား။

A: ယောက်ျားလေး အတော်များများသည် ၎င်းတို့၏ လိင်တံ အရွယ်အစားနှင့်ပတ်သက်၍ စိုးရိမ်ပူပန်တတ်ကြပါသည်။ သို့သော် မည်သည့်အသက်အရွယ်အတွက် မည်သည့် ပုံမှန်အရွယ် အစားဟူ၍ မရှိပါ။ အရွယ်ရောက်သူ အမျိုးသားတစ်ဦး၏ တောင့်တင်း (မာ) နေသော လိင်တံသည် ပျှမ်းမျှအားဖြင့် ငါးလက်မမှ ခုနစ်လက်မကြား ရှည်ပါသည်။ ပျော့နေသော လိင်တံ၏ အရွယ်အစားသည် မည်မျှပင် ရှိရှိ အရေးမကြီးပါ။

Q: ပုံမှန်အားဖြင့် အမျိုးသားတစ်ဦးသည် လိင်ဆက်ဆံရာတွင် မည်မျှ ကြာနိုင်သနည်း။

A: အမျိုးသားတစ်ဦးနှင့်တစ်ဦးမတူညီနိုင်ပါ။  အချို့သည် တစ်မိနစ်သာ ကြာသော်လည်း အချို့မှာ တစ်ဆယ်မိနစ်ကြာသည်။  သင်တစ်ဦးချင်းအနေနှင့်ပင် ဆက်ဆံသည့်အကြီမ်တိုင်း၊ မတူညီပါ။ မောပန်းခြင်း၊ အရက်သောက်ထားခြင်း၊ မကြာမီက လိင်ဆက်ဆံထားခြင်း၊ မိမိဘာသာ လိင်စိတ်ဖြေဖျောက်မှု ပြုထားခြင်း၊  တို့ကြောင့်ဖြစ်ပါသည်။

Q: လိင်ဆက်ဆံမှုကြာရှည်ရန် ၊ ပို၍ ယောက်ျားပီသရန် ဆေးဝါးများသုံးနိုင်ပါသလား။

A: လိင်ဆက်ဆံမှု ကြာရှည်စေသည်ဆိုသောဆေးလုံးများ၊ ခရင်မ် များ နှင့် ဆေးများရှိသော်လည်း မသုံးသင့်ပါ။  အာနိသင်များမကောင်းပဲငွေဖြုံးသလိုဖြစ် နိုင်သည်။ လိင်ဆက်ဆံချိန်ကြာ ရှည် ရန်အတွက် အရေးအကြီးဆုံးမှာ သင်၏ စိတ်ပင်ဖြစ်သည်။ လိင်ဆက်ဆံမှု အချိန်ကြာရှည်စွာထိန်းထားနိုင်ရန် သင့်စိတ်ကိုေ လ့ကျင့် ပေးခြင်းမှာ လျို့ဝှက် ချက်တစ်ခုပင်ဖြစ်သည်။

Q: လိင်နှင့် ပတ်သက်သော ကိစ္စများအကြောင်း မိဘများကို ဘယ်လိုပြောရမလဲ

A: သင့်အနေနှင့် မိဘများနှင့် လိင်နှင့် ပတ်သက်သော ကိစ္စများ အကြောင်း ပြောရန် လုံခြုံစိတ်ချရသည် ထင်ပါက ပြောပါ။ စိတ်ကသိကအောင့် ဖြစ်နိုင်သည်မှာ သေချာသော်လည်း စကား စတင်ပြောဆိုရန်  လိုအပ်ပါသည်။

မိဘများနှင့် လူကြီးများသည် လိင်မှုကိစ္စ၊ ကျန်းမာရေး  နှင့် ပတ်သက်သော အကြံဥာဏ်  ကောင်းပေးနိုင်ပါသည်။ သင်က ဥပမာ အားဖြင့် “ အဖေရေ..သားသူငယ်ချင်း က သူ့ကောင်မလေးနဲ့ အတူတူနေလိုက်မိတယ်လို့ ပြောတယ်၊ အဖေဘယ်လို ထင်လည်း။” စသည်ဖြင့်ပြောဆိုနိုင်ပါသည်။

Q: စအိုနှင့် ဆက်ဆံလျှင် ကိုယ်ဝန်ရနိုင်လား ။ စအိုနဲ့ လိင်ဆက်ဆံမယ်ဆိုရင် စအိုထဲ ရောက်သွားတဲ့ သုတ်ရည်က ဘယ်ထဲဝင်သွားလဲ။

A: ကိုယ်ဝန်မရနိုင်ပါ။ သို့သော် လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများ ကူးစက်နိုင်ပါတယ်။ အပြင်သို့ ပြန်စီးကျမယ် သို့မဟုတ် အလိုအလျောက် ပျက်စီးသွားပါတယ်။

Q: ကြာဆေးဆိုတာ ဘယ်လိုဆေးမျိုးလဲ။ သုံးရင် အန္တရာယ် ဖြစ်နိုင်သလား။

A: ကြာဆေး ဆိုသည်မှာတကယ်ကြာစေ သောဆေးမဟုတ်ပါ။ ကြာခြင်း၊ မကြာခြင်းသည် မိမိစိတ်နှင့်သာဆိုင်ပါသည်။ အမျိုးသားလိင်အင်္ဂါ အတွင်းသို့ သွေးပမာဏ အမြောက်အများ ရောက်ရှိလာစေသည့်ဆေး ဖြစ်ပါသည်။ အမြဲတမ်းသုံးစွဲပါက ပန်းသေပန်းညှိုးဖြစ်နိုင် သလို နှလုံးရောဂါအခံ ရှိသူများအတွက် အသက်အန္တရာယ် အထိရှိနိုင်ပါသည်။

Q:  ပန်းသေ ပန်းညှိုး ဆိုတာဘာလဲ။ ဘာကြောင့် ဖြစ်ရတာလဲ။ မိန်းကလေးရောဖြစ်နိုင်သလား။

A: လိင်ဆက်ဆံချင်စိတ်ရှိပေမဲ့ လိင်တံတောင့်တင်း မလာနိုင်၊ မတောင်နိုင်တဲ့ အခြေအနေကို ပန်းသေ ပန်းညှိုး ဖြစ်တယ်လို့ ဆိုပါတယ်။ မျိုးရိုးလိုက်ခြင်း၊ ထိခိုက်ဒဏ်ရာ ရခြင်း၊ ရောဂါရှိခြင်း ၊ စိတ်ပိုင်းဆိုင်ရာတွေကြောင့် နှင့် အာရုံကြောဆိုင်ရာရောဂါလည်း ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေမှာလည်း လိင်ဆက်ဆံရာတွင်စိတ်မပါခြင်း ဖြစ်နိုင်ပါတယ်။

Q: အပျိုစစ် ၊ လူပျိုစစ်ဆိုတာ မင်္ဂလာဦးညမှာ ဆက်ဆံတဲ့အချိန်မှ စစ်မစစ် သိနိုင် တယ်။ အဲဒါနှစ်ဦးစလုံး သွေးထွက်တယ်။ နာလည်းနာတယ်။ နောက်ရက် ထပ်မဆက်ဆံချင်အောင် နာတယ်တဲ့ ဟုတ်ပါသလား။

A: ရာနှုန်းပြည့် ဟုတ်တယ်လို့ ပြောလို့မရပါဘူး။ တစ်ချို့ အပျိုစစ်ပေမဲ့ သွေးမထွက်တာ ရှိပါတယ်။ ငယ်စဉ်က ကြမ်းတမ်းတဲ့ အပြုအမူ တစ်ခုခုကြောင့် (ဥပမာ – စက်ဘီး စီးခြင်း ၊ ကြမ်းတမ်းစွာ ကစားခြင်း . . . )အပျိုမြှေး ပေါက်ခဲ့ပြီး တာလည်း ဖြစ်နိုင်ပါတယ်။ နောက်ရက်ထပ်မဆက်ဆံချင်အောင် နာတယ်ဆိုတာ အခြားအကြောင်းတစ်ခုခုနဲ့လည်း သက်ဆိုင်နိုင်ပါတယ်။

Q: အရေးပေါ်တားဆေးမှာ ဟော်မုန်းဓါတ် ဘယ်လောက်ပါသလဲ။

A: ဆေးအမျိုးအစားပေါ်တွင်မူတည်ပါသည် ပောာ်မုန်း နှစ်မျိုးပါသော ဆေး များ၏ပောာ်မုန်းပမာဏ သည်  သာမန် ဆေးကဒ်တွင်ပါသော ဆေးကဒ်  ထက် ၃ဆ ၄ဆ များပြီး  ပောာ်မုန်း ၁မျိုးပါသောသောက်ဆေးသည် သာမာန်နေ့စဉ်သောက်ဆေးထက် အဆ (၃၀ ၊၄၀) ပိုများပါသည်။

Q: ဟော်မုန်းဓါတ်များသော အမျိုးသမီးသည် တစ်ခြားအမျိုးသမီးများနှင့် ရာသီလာချိန် ကွာခြားချက် ရှိနိုင်ပါသလား။

A: ကွာခြားချက် ရှိနိုင်ပါတယ်။

Q: အရေးပေါ်သန္ဓေတားဆေးကဒ်ကို ခဏခဏသုံးရင် ဆေးပြီးတယ်ဆိုတာ ဟုတ်ပါသလား။

A: ဆေးအမျိုးအစားပေါ်တွင်မူတည်ပါသည် ပောာ်မုန်း နှစ်မျိုးပါသော ဆေး များ၏ပောာ်မုန်းပမာဏ သည် သာမန် ဆေးကဒ်တွင်ပါသော ဆေးကဒ် ထက် ၃ဆ ၄ဆ များပြီး ပောာ်မုန်း တစ်မျိုးပါသောသောက်ဆေးသည် သာမာန်နေ့ စဉ် သောက်ဆေးထက် အဆ (၃၀ ၊၄၀) ပိုများပါသည်။ Ecee2 (အရေးပေါ်သန္ဓေတားဆေးကဒ်)ကို အရေးပေါ်အခြေအနေအတွက်သာ ထုတ်လုပ်ထားခြင်းဖြစ် သဖြင့် ခဏခဏမသုံးစွဲသင့်ပါ။ ဟော်မုန်းပါသော ဆေးများ ဖြစ်သည့်အတွက် လိုအပ်သည်ထက် မကြာခဏ သုံးစွဲလျှင် အန္တရာယ်ရှိပါတယ်။

Q: အရေးပေါ်သန္ဓေတားဆေးကဒ်ကို အလွယ်တကူ ဝယ်လို့ရလား၊ ဈေးပေါလား၊ လူတိုင်းကို ရောင်းလား။

A: အရေးပေါ်သန္ဓေတားဆေးကဒ်ကို လူတိုင်းအလွယ်တကူ ဝယ်ယူရရှိနိုင်ပါသည်။

Q: အရေးပေါ်သန္ဓေတားဆေးကဒ်ကို ခဏခဏသုံးရင် အန္တရာယ်ရှိပါ သလား။

A: အရေးပေါ်အနေဖြင့် တစ်ကြိမ်တည်းသုံးလျှင်အန္တရာယ်မရှိပါ။ ခဏခဏသုံးလျှင်အန္တရာယ်ရှိသည်။အဘယ်ကြောင့်ဆိုသော်အရေးပေါ် ဆေးတွင်ဟော်မုန်းအများအပြားပါဝင်ပါသည်။

Q: လိင်ဆက်ဆံပြီး သုတ်ရည်မထွက်ခင် လိင်ဆက်ဆံခြင်း ရပ်ပြီး အပြင်မှာထုတ်ရင် ကိုယ်ဝန် ရနိုင်ပါသလား။

A: သန္ဓေတားသောအာနျသင်အထိုက်အလျှောက်ရှိသော် လည်းစိတ်ချရသောနည်းလမ်းမဟုတ်ပါ။ လိင်ဆက်ဆံစဉ် သုတ်ရည်မထွက်မှီလိင်တံကိုအချိန်မှီ ပြန်မထုတ်နိုင်လျှင် ကိုယ်ဝန်ရနိုင်ချေရှိပါသည်။ လိင်ဆက်ဆံမှုမပြီး မြောက် ခင်ထွက်သော သုတ်ရည်အကြည်တွင်လည်း သုက်ပိုး ပါဝင်နိုင်သောကြောင့်ဖြစ်သည်။

Q: ကလေးမွေးပြီးတဲ့နောက်ပိုင်း အစားအသောက်ကို ဆင်ခြင်ရပါတယ်လို့ ကြားဖူးပါတယ်။ အဲဒါ ဘာကြောင့်လဲ။ ဆင်ခြင်ရတယ်ဆိုရင် ဘယ်အချိန် ဘယ်ကာလအထိ ဆင်ခြင်သင့်ပါသလဲ။

A: မီးနေသည်များသည် အာပာာရရှိသော အစား အစာများကို ပို၍စားရန်လိုအပ်ပါသည်။ သန့်ရှင်း၊ လတ်ဆတ်၊ပူနွေးလျှင် ရှောင်ရန်မလိုပါ။

Q: မွေးပြီးပြီးခြင်း ပုံမှန်ထက် သွေးဆင်းများလျှင်အရေးကြီးပါသလား။ဘာကြောင့်ဖြစ်ပါသလဲ။

A: အရေးကြီးပါသည်။အသက်အန္တရာယ်ရှိပါသည်။မွေးပြီးသွေးသွန်ခြင်းပာုခေါပါသည်။

Q: မွေးပြီးသွေးသွန်ခြင်းဘယ်နှစ်မျိုးရှိပါသလဲ။

A: မွေးပြီးပြီးချင်း၂၄နာရီအတွင်း သွေးသွန်ခြင်း နှင့် ၂၄နာရီကျော်မှသွေးသွန်ခြင်းပာု(၂)မျိုးရှိပါသည်။

Q: မွေးပြီး ၂၄နာရီအတွင်း သွေးသွန်ခြင်းသည် ဘာကြောင့ဖြစ်သနည်း။ဘာလုပ်ရမည်နည်း။

A:  ကလေးမွေးပြီး သားအိမ်ကောင်း ကောင်းမကျုံ့ခြင်း ကြောင့် အဖြစ်များပါသည်။ အချင်းနှင့် အမြှေးပါး များကျန်ခြင်း နှင့်မွေးလမ်း ကြောင်း စုတ်ပြဲခြင်းကြောင့်ဖြစ်နိုင်ပါ သည်။

Q: မွေးပြီး ၂၄ နာရီ ကျော်မှသွေးသွန် လျှင် ဘာကြောင့်ဖြစ်သနည်း။ဘာလုပ်ရမည်နည်း။

A:  အချင်းနှင့်အမြှေးပါးစများ ကျန်ရာမှပိုးဝင်ခြင်ကြောင့်အဖြစ်များပါသည်။ အန္တရာယ်ကြီးပါသည်။ကျွမ်းကျင်သော သားဖွားဆရာများနှင့်ချက်ချင်းပြသသင့် ပါ သည်။

Q: မွေးပြီး၂၄နာရီအတွင်း သွေးသွန်ခြင်းမဖြစ်ရန်မည်သို့ကာကွယ်ရမည်နည်း။

A: အကောင်းဆုးမှာကျွမ်းကျင်သောသားဖွားဆရာမနှင့်ဖြစ်နိုင်လျှင်ဆေးရုံဆေးခန်းတွင်မွေးပါ။