အခြား အန္တရာယ်

ဆေးရွက်ကြီးသုံးစွဲသူများသည် မျက်စိအတွင်းတိမ် ရောဂါ ဖြစ်လွယ်သည်။ အနံ့အရသာအာရုံခံစားမှု၊ အဆုတ်၏ အသက်ရှုစွမ်းအားနှင့် အသက်ရှုစနစ်တို့ကိုလည်း အား နည်းစေသောကြောင့် နေ့စဉ်နေထိုင် သွားလာ စားသောက်မှုကို ထိခိုက်စေသည်။ သွားနှင့် လက်ချောင်းများကို ၀ါစေ၍ အရေတွန့်ကာ အိုမင်းလွယ် စေပြီး ရုပ်ရည်ကျစေသည်။ ထိုမှတစ်ဆင့် လူမှုဘ၀ကို လည်း ထိခိုက်စေနိုင်သည်။ ကိုယ်ဝန်ဆောင်မိခင်ကိုယ်တိုင် ဆေးလိပ်သောက်ခြင်း၊ ပတ်ဝန်းကျင်ရှိ ဆေးလိပ်ငွေ့ ရှူရခြင်းတို့ကြောင့် ကိုယ်ဝန်ပျက်ခြင်း၊ လမစေ့ ပေါင်မပြည့် ကလေးများ၊ ကိုယ်အင်္ဂါချို့ယွင်းသော ကလေးများ မွေးဖွား ခြင်းတို့ဖြစ်နိုင်သည်။