အခြားသော လိင်တူဆက်ဆံခြင်းများ

လိင်တူစိတ်ဝင်စားခြင်း၊

  • အမျိုးသမီးအချင်းချင်း (Lesbian)
  • အမျိုးသားအချင်းချင်း (Gay)

သဘာဝမဟုတ်သော လိင်ဆက်ဆံခြင်းများ (LGBT )

  • အမျိုးသမီးအချင်းချင်း၊
  • အမျိုးသားအချင်းချင်း
  • လိင်နှစ်မျိုးလုံးဖြင့် ဆက်ဆံသူ (Bisexual)၊
  • လိင်ပြောင်းလဲမှုပြုထားသူ (Transgender)                   
  • အမျိုးသားချင်းလိင်တူဆက်ဆံခြင်း(Men who have sex with men- MSM)

လိင်မှုဆိုင်ရာအပြုအမှုများတွင် အမျိုးသားခြင်းဆက်ဆံကြသူများ ဖြစ်သည်။ သို့သော် သူတို့ကိုယ်သူတို့ Gay ဟု သတ်မှတ်ထားရန် မလိုအပ်ချေ။ ကမ္ဘာယဉ်ကျေးမှုအများအပြားတွင် အမျိုးသားခြင်း ဆက်ဆံကြသော်လည်း သူတို့ကိုယ်သူတို့ လိင်တူနှစ်ခြိုက်သူများဟု မထင်မှတ်ကြပါ။

လိင်နှစ်မျိုးလုံးနှင့်ဆက်ဆံသူ(Bi Sexual)

   အမျိုးသမီးရော၊အမျိုးသားကိုပါ လိင်ဆက်ဆံသူဖြစ်သည်။     

လိင်ပြောင်းလဲထားသူ(Transgender)

   မွေးရာပါလိင်အင်္ဂါကို ဆေးပညာဖြင့် အခြားလိင်မျိုးသို့    ပြောင်းလဲ ထားပြီး နေထိုင်သူ ဖြစ်ပါသည်။

အမျိုးသားအဖြစ်မှ အမျိုးသမီးအဖြင့်သို့ပြောင်းလဲခြင်း(MIF)

   တစုံတယောက်သည် အမျိုးသားအဖြစ် မွေးဖွားလာခဲ့သော်လည်း ၎င်း၏ ယောကျာ်းဖြစ်ခြင်း၊ မိန်းမဖြစ်ခြင်း အနေအထား(Gender)ကို အမျိုးသမီးအဖြစ်သို့ ပြောင်းလဲထားခြင်းဖြစ်သည်။

အပွင့်(Coming out)

   တစ်စုံတဦးသည် မိမိ၏လိင်မှုဆိုင်ရာအနေအထား၊ ကိုယ်ပိုင် သတ်မှတ်ချက် လိင်အခြေအနေကို လူများသိအောင်ပွင့်ပွင့်လင်းလင်း ကြေငြာပြီး နေထိုင်ခြင်းဖြစ်သည်။

အပုန်း(Closeted)

   မိတ်ဆွေသူငယ်ချင်းမျာ၊ ဆွေမျိုးညာထိကာများ၊ လုပ်ဘော်ကိုင်ဘက်များ၊    သို့မဟုတ် ပတ်ဝန်းကျင်ရှိလူများ မသိအောင် မိမိလိင်မှုဆိုင်ရာ  အခြေအနေ၊ အနေအထားကို လျှို့ဝှက်သောသူ ဖြစ်သည်။

ဆင်ကျင်ဘက်လိင်၏ အ၀တ်အစားကို ၀တ်စားဆင်ယင်ခြင်း (Cross Dressing)

   ဆန့်ကျင်ဘက်လိင်၏ အ၀တ်အထည်များကို ၀တ်စားဆင်ယဉ်ထားခြင်း ဖြစ်သည်။

ကြားလိင် (Intersex)    

  လူတဦးတည်းတွင် မွေးဖွားစဉ်ကတည်းက ပြင်ပလိင်အင်္ဂါ နှင့် အတွင်း လိင်အင်္ဂါများတွင် အမျိုးသား၊ အမျိုးသမီး နှစ်ဦးလုံး၏လိင်အင်္ဂါများ ရောယှက်၍ပါနေခြင်းဖြစ်သည်။