Tobacco

ဆေးလိပ်တွင် စီးကရက်၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ရေပြောင်း၊ သျှိရှား၊ အီးစီးကရက် စသည်တို့ ပါဝင်သည်။ မြန်မာနိုင်ငံတွင် ဆေးရွက်ကြီးကို ပုံစံ အမျိုးမျိုးပြုပြင်၍လည်း ကွမ်းယာအဖြစ် သုံးစွဲကြသည်။ လူများသည် ဆေးရွက်ကြီးကို အကြောင်းအမျိုးမျိုးဖြင့် သုံးစွဲကြသည်။ (အချို့လူငယ်များသည် စီးကရက်ကို ဖက်ရှင်ကျသည်ထင်၍ စတင်သောက်ကြသည်။ အချို့က ပါးစပ်မအားအောင်၊ အစာစားချင်စိတ်နည်းအောင်သောက်ကြသည်။)ဆေးရွက်ကြီးသောက်သုံးမှုသည်လွယ်ကူစွာ စွဲတတ်၍ ဖြတ်ရန်အလွန်ခက်ခဲသည်။ ဆေးလိပ်သောက်ခြင်းသည် ကိုယ်တိုင်သောက်သူကိုသာမက အနီးပတ်ဝန်းကျင်ရှိ အငွေ့ရှုရ သူများကိုလည်း ထိခိုက်စေသည်။