- အလွန်နိုးကြားတက်ကြွနေမည်။ အအိပ်နည်းမည်။
- နှလုံးခုန်မြန်၍ မမှန်ဘဲ ရှိမည်။
- သွေးဖိအား (သွေးပေါင်) တက်မည်။
- ခန္ဓာကိုယ်အပူချိန်တက်မည်။
- လိင်စိတ်တက်ကြွမည်။
- အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းနှင့် ဆေးထိုးအပ် မျှဝေသုံးစွဲမှုတို့ကြောင့် HIV နှင့် အသည်းရောင်ရောဂါများ ရနိုင်သည်။
- အစာစားရန် စိတ်ဝင်စားမှု မရှိ၍ အာဟာရ ချို့တဲ့နိုင်သည်။
- ဒေါသပြင်းထန်၍ သံသယများ နိုင် သည်။ (တစ်စုံတစ်ယောက်က မိမိကို အန္တရာယ်ပေးမည်ဟုအမှန်တကယ် မဟုတ်ဘဲ ထင်မှတ်နေနိုင်သည်။)
- ဆေးအသုံးများပါက တက်ခြင်း၊ လေဖြတ်ခြင်း တို့ရှိနိုင်သည်။
ရေရှည်အသုံးပြုပါက ဆေးရပ်ပြီးသည့် တိုင်အောင် ရေရှည် ဆက်လက်ခံစားရ နိုင်သော အောက်ပါ ဝေဒနာများ ဖြစ်ပေါ် နိုင်သည်။
- စိတ်လှုပ်ရှားခြင်း စိတ်ရှုပ်ထွေးခြင်း
- အိပ်စက်မှု ပြဿနာများ
- စိတ်အပြောင်းအလဲ မြန်ခြင်း
- ရူးသွပ်သည့် စိတ်ရောဂါဖြစ်ခြင်း (မရှိသည့်အရာများကို ကြားခြင်း၊ မြင်ခြင်း၊ ခံစားရခြင်း)
- ကုတ်ဖဲ့မှုကြောင့် အရေပြားအနာ များပေါက်ခြင်း
- ကိုယ်အလေးချိန် လွန်စွာကျဆင်းခြင်း
- ပြင်းထန်သော သွားရောဂါပြဿနာ များဖြစ်ခြင်း
- တွေးခေါ်ခြင်း၊ စိတ်ခံစားမှု နှင့် မှတ်ဥာဏ် ပြဿနာများဖြစ်ခြင်း
- အမ်ဖက်တမင်းကြောင့်ဖြစ်သည့် စိတ်ရောဂါ