အချစ်ရဲ့ နောက်မှာ ပြဿနာတွေဆက်ဖြစ်နိုင်သလား

အချစ်ဆိုတာကောင်းသောအရာတစ်ခုပါ။ လူတိုင်းလူတိုင်းအချစ်နှင့် ဆုံတွေ့ဖူးကြမည်မှာမလွဲပါ။ တစ်ဦးနှင့်တစ်ဦး  ချစ်ခင်စုံမက်ပြီး  ဘဝမထူထောင်ခင် တစ်ယောက်အကြောင်း တစ်ယောက် ( ဥပမာ။ ကိုယ့်ချစ်သူ၏ နောက်ကြောင်း၊ မိဘအသိုင်းအဝိုင်း၊ ပေါင်းသင်းဆက်ဆံရေး၊ ခံယူချက်များ စသဖြင့်….) ကို လေ့လာကြကာ  ဘဝတစ်ခုကို တည်ဆောက် ရန် ဆုံးဖြတ်သင့်ပါသည်။

သို့သော် ထိုအချစ်ကြောင့်ပင် တစ်ခါတစ်ရံတွင် မလိုလားအပ်သောအမှားများ (သို့) ပြဿနာများဖြစ်နိုင်ပါတယ်။ တစ်ချို့အမှားတွေကအမှားခံနိုင်ပေမဲ့ တစ်ချို့အမှားတွေကတစ်ခါမှားရုံနဲ့ ဘဝတစ်ခုလုံးပေးဆပ်လိုက်ရတဲ့ အခြေအနေမျိုးတွေရှိ တတ်ပါတယ်။

HIV အပါအ၀င် လိင်မှတစ်ဆင့်ကူးစက်နိုင်သောရောဂါများနှင့်  မလိုလားအပ်သော ကိုယ်ဝန် ရရှိနိုင်ပါသည်။