မလိုလားသော ကိုယ်ဝန်ရရှိမှု

သင်သည်လိင်ဆက်ဆံရန် အစီအစဉ်ရှိပြီး ကိုယ်ဝန် မရလိုပါက သန္ဓေတား နည်းလမ်းသုံးရန် အရေးကြီးသည်။ သန္ဓေတားနည်းလမ်း မသုံးဘဲ့ လိင်ဆက်ဆံခဲ့ပါက အရေးပေါ် သန္ဓေတား ဆေးကို  သုံးစွဲရန်လိုအပ်ပါသည်။  မည်သည့် အရေးပေါ်သန္ဓေတားနည်းလမ်းများ ရရှိနိုင်သည်ကို အောက်တွင် ရွေးချယ်နိုင်ရန် ဖေါ်ပြထားသည်။ ဝန်ဆောင်မှုများအပိုင်းတွင် အရေးပေါ်သန္ဓေတားဆေး ရရှိနိုင်သည့် ဆေးခန်းများစာရင်းကို ဖေါ်ပြထားသည်။  မြန်မာနိုင်ငံတွင် မလိုလားပဲ ရရှိလာသော ကိုယ်ဝန်ကို ဖျက်ချခြင်းသည် တရားမ၀င်ပါ။ ဥပဒေအရအရေးယူနိုင်သည်။ သို့သော်ကလေးပျက်ကျ / ဖျက်ချပြီးနောက် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုခံယူရန်ဆေးရုံဆေးခန်းများသို့လာရောက်နိုင်သည်။