အခြား အန္တရာယ်

ကွမ်းကိုရေရှည်စားသုံးခြင်းကြောင့် သွားများကို နီရဲစေ၍ ပါးစပ်ထဲတွင် အဖြူကွက်များဖြစ်စေပြီး ခံတွင်းကျန်းမာရေး ကို ထိခိုက်စေသည်။ ကွမ်းစားသူများတွင် ပါးစပ်တွင်း အသားနုများ ကျုံ့သွားခြင်းကြောင့် ပါးစပ်ဟမရသော ရောဂါလည်းအဖြစ်များကြသည်။ ကိုယ်ဝန်ဆောင်မိခင်ကိုယ်တိုင် ကွမ်းစားခြင်းကြောင့် ကိုယ်ဝန်ပျက်ခြင်း၊ လမစေ့ ပေါင်မပြည့် ကလေးများ၊ ကိုယ်အင်္ဂါချို့ယွင်းသော ကလေးများ မွေးဖွားခြင်းတို့ ဖြစ်နိုင်သည်။