ဆယ်ကျော်သက်ဆိုသည်မှာ
ဆယ်ကျော်သက်ဆိုသည်မှာ လူပျိုဖေါ် အပျိုဖေါ် ၀င်သောကာလဖြစ်ပြီး ကလေးမက လူကြီးမကျ စပ်ကူးမတ်ကူးကာလလည်းဖြစ်ပါသည်။ ယေဘူယျအားဖြင့် အဆင့် ၃ဆင့် ခွဲခြားနိုင်သော်လည်း တိကျစွာပိုင်းခြားရန် ခက်ခဲသည့်အပြင် တဆင့်နှင့် တဆင့် ဆက်စပ်နေသည်ကိုတွေ့ရပါသည်။
(က) ဆယ်ကျော်သက်ရွယ်အစောပိုင်း (အပျိုဖော်၊ လူပျိုဖော်စတင်ဝင်ရောက်ချိန်)
- မိန်းကလေး (၉-၁၂ နှစ်ကြား)
- ယောက်ျားလေး (၁၀-၁၃ နှစ်ကြား)
(ခ) ဆယ်ကျော်သက်ရွယ်အလယ်ပိုင်း
- မိန်းကလေး (၁၃-၁၆ နှစ်ကြား)
- ယောက်ျားလေး (၁၄-၁၇ နှစ်ကြား)
(ဂ) ဆယ်ကျော်သက်ရွယ် နှောင်းပိုင်း
- မိန်းကလေး (၁၆ နှစ်အထက်)
- ယောက်ျားလေး (၁၇ နှစ်အထက်)