အမေးများသော မေးခွန်းများ

Q: အမျိုးသား/အမျိုးသမီး အခွင့်အရေးတန်းတူညီမျှဖြစ်ခြင်းအတွက် နိုင်ငံတကာ စံသတ်မှတ်ချက်များမှာ အဘယ်နည်း။

A: အမျိုးသား/အမျိုးသမီး အခွင့်အရေးတန်းတူညီမျှ ရရှိရန်အတွက် နိုင်ငံတကာ ဆုံးဖြတ်ချက်များ အများအပြားရှိပါသည်။ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုများ ပပျောက်ရေးညီလာခံ (CEDAW – Convention on the Elimination of all Forms of Discrimination against Women)အား မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုးထားပါသည်။ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းတွင် လူသားအားလုံး (အမျိုးသားများနှင့် အမျိုးသမီးများအပါအဝင်) သည် တန်းတူညီမျှမွေးဖွားလာသည်ဟု ပြောကြားထားပါသည်။

Q: လွှတ်တော်တွင် သို့မဟုတ် မည်သည့် ဆုံးဖြတ်ချက်ချမှတ်သည့် အဖွဲ့အစည်များတွင်မဆို အမျိုးသမီးများ ပါဝင်ရန် အရေးကြီးပါသလား။

A: အရေးကြီးပါသည်။ သို့မှသာ အမျိုးသမီးများသည် ၎င်းတို့ ဖွံ့ဖြိုးတိုးတက်ရေးကို ဟန့်တားထားသော စိန်ခေါ်မှုများအကြောင်း ဆွေးနွေးတင်ပြနိုင်မည်ဖြစ်သည်။ ၂၀၁၂ခုနှစ်တွင် လွှတ်တော်များအားလုံး၌ လူထုတိုက်ရိုက်ရွေးကောက်တင်မြှောက်သည့် ကိုယ်စားလှယ်နေရာများတွင် အမျိုးသမီ ၄.၆% တင်မြှောက်ခံရပါသည်။ မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ကျားမ၊ လူမျိုး သို့မဟုတ် ဘာသာကို အခြေပြုကာ ခွဲခြားဆက်ဆံမှု မရှိရန် အာမခံထားပါသည်။ 

Q: မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ အဆင့်အတန်းနှင့်စပ်လျဉ်းသည့် လက်ရှိမှားယွင်းနေသော ယူဆချက်များမှာ အဘယ်နည်း။

A: ဥပမာ “အ ရိုးကွဲအောင် ရိုက်မှ အသည်းစွဲအောင် ချစ်မည်” ဟူသော ဆို ရိုးစကားများရှိနေပါသည်။ ဤသည်တို့မှာ နိုင်ငံတကာနှင့် မြန်မာဥပဒေများနှင့် ကိုက်ညီခြင်း မရှိသလို မှန်ကန်မှုလည်း မရှိပါ။ အိမ်တွင်းအကြမ်းဖက်မှုသည် အိမ်တွင်းရေးဖြစ်ပြီး လင်နှင့်မယားကြား ဖြေရှင်းရမည့် ကိုယ်ရေးကိုယ်တာကိစ္စဟု မှားယွင်းစွာ ယူဆနေမှုမှာ လတ်တလောတွင် နေရာအနှံအပြား၌ဖြစ်နေပါသည်။