လိင်မှုဆိုင်ရာ စိတ်ဆန္ဒ ဆိုတာဘာလဲ။

လိင်မှုဆိုင်ရာ စိတ်ဆန္ဒ ဆိုတာဘာလဲ။

လိင်မှုဆိုင်ရာစိတ်ဝင်စားခြင်း၊ လိင်ဆက်ဆံလိုသော စိတ်ဆန္ဒွ  ဖြစ်ခြင်းတွင် လိင်ဆက်ဆံရန်လှုံဆော်သော အရာများ၊ လိုအပ်သောလှုပ်ရှားမှု၊ လက်တွေ့ လိင်ဆက်ဆံရန်ဆန္ဒရှိမှု စသည်တို့ပါဝင်ပါသည်။

လိင်ဆက်ဆံခြင်း

 လိင်ဆက်ဆံခြင်းသည် လူသားတို့၏ လိင်မှုဆိုင်ရာတွေ့ကြုံခံစားရန်အတွက် လက်တွေ.လုပ်ဆောင်ခြင်း ဖြစ်ပါသည်။အခြားသူတဦးနှင့် လိင်ဆက်ဆံခြင်းနှင့် တကိုယ်ရည် လိင်စိတ်ဖြေဖျောက်မှုများ  ဖြစ်ပါသည်။ 

အခြားသူတဦးနှင့်လိင်ဆက်ဆံခြင်း(Intercourse)         

မိန်းမကိုယ်(အမျိုးသမီးလိင်အင်္ဂါ) သို့မဟုတ် စအိုအတွင်းသို့ လိင်တံအား ထိုးသွင်းခြင်း၊ ပေါင်ခြံကြားလိင်ဆက်ဆံခြင်း ၊ ပါးစပ်တွင်း လိင်ဆက်ဆံခြင်းနှင့် ရင်သားနှစ်ခုကြား လိင်ဆက်ဆံခြင်းကဲ့သို့သော အခြားလိင်မှုဆိုင်ရာဖြစ်စဉ်များကို ဆိုလိုသည်။

သဘာဝအတိုင်းလိင်ဆက်ဆံခြင်း

သဘာဝအတိုင်းပုံမှန်လိင်ဆက်ဆံခြင်းသည် အမျိုးသား၏လိင်တံကို မိန်းမကိုယ် (အမျိုးသမီးလိင်အင်္ဂါ)အတွင်းသို့ ထိုးသွင်းဆက်ဆံခြင်း ဖြစ်ပါသည်။

လိင်ကွဲဆက်ဆံခြင်း(Heterosexuality)

လိင်မတူသူအချင်းချင်း လိင်ဆက်ဆံခြင်းဖြစ်ပါသည်။