သားဆက်ခြားထိုးဆေး (အသားဆေးနှင့် အရေပြားအောက်ထိုးဆေး) (ဒီပို ပရိုဗီရာ)

သုံးလခံထိုးဆေး (အသားဆေးနှင့် အရေပြားအောက်ထိုးဆေး) - ဒီပို ပရိုဗီရာ

ပရိုဂျက်စတီရုန်း ဟော်မုန်းတစ်မျိုးသာ ပါဝင်သည်။ ဒီပို (DMPA) ပါသောဆေးသည် (၃) လခံသည်။လစဉ်သုံးထိုးဆေးများ၊ နှစ်လခံထိုးဆေးများရှိသေးသော်လည်း သုံးလခံထိုးဆေးလောက် ထိရောက်မှု မရှိပါ။ သားဥအိမ်မှ သားဥကြွေခြင်း ကိုကာကွယ်ခြင်းအားဖြင့် ကိုယ်ဝန်ရရှိစေမှုမှ ကာကွယ်ပါသည်။

အသုံးပြုပုံ

  • အသားဆေး (သို့မဟုတ်) အရေပြားအောက်တွင် ဆေးထိုးပေးရသည်။
  • ရာသီစလာပြီး (၅) ရက်အတွင်း ထိုးနိုင်သည် ။ (၅) ရက်ကျော်ပါက ကွန်ဒုံးကို (၇) ရက်တွဲကာသုံးစွဲပါ။
  • ဆေးစထိုးပြီး တစ်နှစ်ကြာသည့်အခါ အသုံးပြုသူအများစုမှာ ရာသီမလာဘဲ ရှိနေတတ်သည်။
  • နို့တိုက်ကျွေးသောမိခင်များသည် ကလေးအသက် ခြောက်ပတ်ကျော်လျှင် စတင်အသုံးပြုနိုင်ပါသည်။

ကောင်းကျိုးများ

  • အန္တရာယ်ကင်းပြီးထိရောက်ပါသည်။ကျန်းမာရေးစောင့်ရှောက်မှုပေးသူများမှာ ထိုးပေးနိုင်ပါသည်။
  • နေ့စဉ်ဆေးသောက်ရန်မေ့တတ်သော အမျိုးသမီးများ၊ ဆေးလိပ်သောက်သူများနှင့် အသက် (၃၅)နှစ်ကျော်သူများ အတွက် သင့်တော်သော နည်းလမ်းဖြစ်သည်။
  • သားဆက်ခြားဆေး ထိုးထားသည်ကို မည်သူမျှမသိနိုင်ပါ။
  • လိင်ဆက်ဆံမှုကို အနှောက်အယှက်မဖြစ်ပါ။
  • သွေးအားနည်းခြင်းမှလည်း ကာကွယ်ပါသည်။
  • ၉၉.၇% ထိရောက်သည်။

မကောင်းကျိုးများ

  • ဆေးထိုးရပ်ပြီးနောက် ကိုယ်ဝန်ပြန်ရလိုလျှင် လအနည်းငယ်စောင့်ရပါမည်။
  • အသုံးပြုသူမှာ ရာသီမမှန်ခြင်းနှင့် တစ်စက်တစ်စက်လာခြင်း၊ ရာသီသွေးဆင်းမှုနည်းပြီး ရာသီထိန်ခြင်းတို့ ဖြစ်နိုင်သည်။
  • အချို့အမျိုးသမီးများတွင် ကိုယ်အလေးချိန်တက်ခြင်း အပါအဝင် ဘေးထွက်အာနိသင်များ ခံစားရနိုင်သည်။