HIV ဆိုတာ ဘာလဲ။

HIV ဆိုသည်မှာ လူ့ခန္ဓာကိုယ်၏ခုခံအားကို ကျဆင်းစေသော ဗိုင်းရပ်စ်ရောဂါပိုး (Human Immunodeficiency Virus) ဖြစ်သည်။ ၎င်းဗိုင်းရပ်စ်ရောဂါပိုးသည် ခုခံအားကျဆင်းမှုကူးစက်ရောဂါခေါ် AIDS ရောဂါကို ဖြစ်စေသည်။

HIV ကိုယခုအချိန်အထိပျောက်ကင်းအောင် ကုသနိုင်ခြင်း မရှိသေးပါ။ သို့သော် ART  ဆေးဝါးများဖြင့် ကုသထိန်းချုပ်နိုင် ပါသည်။ ARTဆေးကြောင့် မြောက်များစွာသော HIV ပိုးရှိသော သူများသည် သက်တမ်းရှည်စွာ နေထိုင် နိုင်ပြီးနှင့် အခြားသူများသို့ ကူးစက်ပျံ့ပွားနိုင်မှုလည်း လျော့ကျသွားသည်။

“HIV” ၏အဓိပ္ပါယ်အပြည့်အစုံမှာ Human Immunodeficiency Virus (ခုခံအားကျဆင်းမှုဖြစ်စေသောရောဂါပိုး) ဖြစ်ပါသည်။

  • H– Human (လူသား) –လူသားများကိုသာ ကူးစက်နိုင်သော ဗိုင်းရပ်စ်ပိုး
  • I– Immunodeficiency (ခုခံအားကျဆင်းမှု) – HIV သည် ရောဂါများအား တိုက်ထုတ်ပေးရာတွင် အရေးကြီးသည့်ဆဲလ်များ အားဖျက်ဆီးပစ်ခြင်းဖြင့် သင်၏ကိုယ်ခံအားစနစ်အား အားနည်းချိနဲ့ စေပါသည်။ ယင်းအား နိုင်ငံတစ်နိုင်ငံ၏ စစ်သားများကို ဖျက်ဆီးပစ် သည့် ရန်သူတစ်ယောက်ကဲ့သို့ စဉ်းစားကြည့်ပါ။ စစ်သားများမရှိသောအခါ နိုင်ငံသည် အခြားရန်သူ အများအပြား၏ အပြင်းအထန်တိုက်ခိုက်ခြင်းကို ခံရပါသည်။ အားနည်းချိနဲ့နေသော ကိုယ်ခံအားစနစ် သည် သင့်အားကာကွယ်မပေးနိုင်ပါ။
  •  V– Virus (ဗိုင်းရပ်စ်ပိုး)–ဗိုင်းရပ်စ်များသည် ယင်းတို့အား လက်ခံထားသည့် လူ့ခန္ဓာကိုယ်မှ ဆဲလ်များထဲ ၀င်ရောက်ခြင်းဖြင့် မျိုးပွားကြပါသည်။ (အိမ်ငှားများသည် လက်ခံထားသော အိမ်ရှင်အား တိုက်ခိုက်ကာ အိမ်ကို ပိုင်ရှင်ထံမှ အပိုင်စီးလိုက်ခြင်း မျိုးဖြစ်ပါသည်)။ ဗိုင်းရပ်စ်ပိုးများသည် မသေသည့်အတွက် ယင်းတို့အား ပျောက်ကင်းအောင် ကုသနိုင်ခြင်းမရှိပါ။

သိသင့်သောအဓိကအချက်အချို့

  • HIV သည် သင်၏ကိုယ်ခံအား စနစ်ဆဲလ်များကို တိုက်ခိုက်သော ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး နောက်ဆုံးတွင် AIDS ရောဂါဖြစ်လာနိုင် ပါသည်။
  • HIV သည် မိခင်မှကလေးသို့ မီးဖွားစဉ်အချိန်တွင် လည်းကောင်း သုက်ရည်၊ သွေး၊ မိခင်နို့ရည်ကဲ့သို့သော ခန္ဓာကိုယ်မှထွက်သော အရည်များမှ တစ်ဆင့်ကူးစက်နိုင် ပါသည်။
  • သင်သည် အကာအကွယ်မပါသော မည်သည့် လိင်ဆက်ဆံမှုမဆို ပြုလုပ်ပါက HIV ပိုးကူးစက်ခံရနိုင် သည် (သို့မဟုတ်) ပြန့်ပွားစေနိုင် သည်။
  • HIV နှင့်အခြား STI များအား အမြင့်မားဆုံးကာကွယ်နိုင် ရန်အတွက် အမျိုးသားနှင့် အမျိုးသမီးကွန်ဒုံးများကို အသုံးပြုပါ။
  • ၁၀နှစ် (သို့မဟုတ်) ၁၀နှစ်ပိုသည့်နှစ်များအထိ HIV သည် မည်သည့်လက္ခဏာကိုမျှ မပြသဘဲရှိနိုင်ပါသည်။
  • HIV/AIDS သည် ယခုအချိန်အထိ ပျောက်ကင်းရန် ဆေးမပေါ်သေးပါ။
  • HIV ကူးစက်ခံထားရသူတစ်ဦးအား အသက်ရှည်ရှည်နှင့် အကျိုးရှိရှိ ဘ၀ကိုနေထိုင်ရှင်သန်နိုင်အောင် ကူညီမည့် ကုသမှုများရှိပါသည်။
  • ၂၀၁၆ခုနှစ် မြန်မာနိုင်ငံတွင် အသက်(၁၅)နှစ်နှင့်အထက် HIV ကူးစက်ခံထားရသူ အရေအတွက်သည် ခန့်မှန်းခြေ (၂၂၀,၀၀၀)ခန့် နှင့် နှစ်စဉ် HIV ကူးစက်ခံရသည့် အရွယ်ရောက်သူ ပေါင်း (၁၀,၄၀၀) ရှိပါသည်။