ပေါင်ခြံမှာ အကျိတ်ထွက်နေသည်

သင့်တွင် အောက်ပါတို့ဖြစ်နေပါက -

  • ပေါင်ခြံအကျိတ်
  • ပေါင်ခြံအကျိတ်တွင် ရောဂါပိုးဝင်သည့်လက္ခဏာများ
    • ပူနေခြင်း
    • နီနေခြင်း (အသားဖြူသူများတွင်)
    • နာနေခြင်း
    • ကိုင်ကြည့်လျှင် အထဲတွင် အရည်ရှိနေသကဲသို့ ခံစားရခြင်း
  • လိင်အင်္ဂါအနာများ
     

၁။ ဘာဖြစ်နိုင်သနည်း။
လင့်ပ်အကျိတ်များတွင် ရောဂါပိုးဝင်ခြင်း ဖြစ်နိုင်ပါသည်။ လင့်ပ်အကျိတ်များသည် ပေါင်ခြံအပါအ၀င် ခန္ဓာကိုယ်၏ နေရာအများအပြား (ဥပမာ - လည်ပင်း၊ ဂျိုင်း) တွင် ရှိပါသည်။ လင့်ပ်အကျိတ်များသည် သွေးထဲမှ ရောဂါပိုးများနှင့် ဆဲလ်အသေများကို “စစ်ထုတ်ပေး” ပါသည်။

၂။ သင်ဘာလုပ်နိုင်မည်နည်း။

ရောဂါသတ်မှတ်ရန် နှင့် ကုသမှု ရရှိရန်အတွက် ဆေးကုသစောင့်ရှောက်မှုကို တတ်နိုင်သမျှ အမြန်ဆုံး ရယူပါ။

ကာလသားရောဂါပိုးကြောင့် ပေါင်ခြံအကျိတ်ယောင်ရမ်းခြင်း