နေ့စဉ်သောက် ဟော်မုန်းတစ်မျိုးပါ သားဆက်ခြားဆေး

 နေ့စဉ်သောက်ဟော်မုန်းတစ်မျိုးတည်းပါ သားဆက်ခြားဆေး (ပရိုဂျက်စတင်တစ်မျိုးတည်းပါဝင်သည့် သားဆက်ခြား သောက်ဆေး)

  • နို့တိုက်မိခင်များအတွက် အာနိသင်ကောင်းပြီး အသင့်တော်ဆုံးနည်း ဖြစ်သည်။ မိခင်နှင့်ကလေးအတွက် အန္တရာယ်မရှိပါ။
  • ကလေးမွေးဖွားပြီး သီတင်းခြောက်ပတ်အတွင်း စတင်သောက်နိုင်ပါသည်။
  • နေ့စဉ် တစ်နေ့တစ်လုံး အချိန်မှန်မှန်သောက်ရန်လိုပါသည်။
  • နို့မတိုက်သောအမျိုးသမီးများအတွက်မူ ထိရောက်မှုအာနိသင် ပိုနည်းပါသည်။
  • နို့တိုက်မိခင်များတွင် ရာသီထိန်နေတတ်သော်လည်း၊ ကလေး (၆) လ ကျော်သွားလျှင် (သို့မဟုတ်) နို့တိုက်မနေလျှင် ရာသီသွေးပုံမှန်မဟုတ်ပဲ၊ နည်းနည်းနှင့်ခဏခဏ ဆင်းတတ် ပါသည်။ သို့သော်အန္တရာယ်မရှိပါ။ 
  • သားဥကြွေခြင်းကိုတားဆီးပြီး သားအိမ်ခေါင်းမှ ထွက်သည့်အချွဲကို ပျစ်ခဲစေသည်။