မိဘနဲ့ လူငယ်တွေရဲ့ သဘောထားတွေ တစ်ထပ်တည်းမကျရင် ဘာတွေဖြစ်နိုင်သလဲ

မိဘနဲ့ လူငယ်တွေရဲ့ သဘောထားတွေ တစ်ထပ်တည်းမကျရင် ဘာတွေဖြစ်နိုင်သလဲ

လူငယ်အရွယ်ဆိုတာ ကလေးဘဝကနေ လူကြီးဘဝကို ကူးပြောင်းချိန်ဖြစ်ပြီးစိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု များစတင်တဲ့ ကာလဖြစ်တဲ့အတွက် မိဘများနှင့်သဘောထားမတိုက်ဆိုင်မှုများ ဖြစ်ပေါ်လေ့ရှိပါတယ်။ မိဘများက သားသမီးများအပေါ်ထားရှိတဲ့ သဘောထားခံယူချက်နှင့် သားသမီးများက မိဘများအပေါ်ထားရှိတဲ့ သဘောထား ခံယူချက်များ ကွဲလွဲတာနဲ့အမျှ သဘောထားမတိုက်ဆိုင်မှု ဖြစ်လေ့ရှိပါတယ်။ အဲသလိုဖြစ်ရခြင်းရဲ့ အဓိက အကြောင်းရင်းမှာ မိဘများနှင့် သားသမီးများ၏ အသက်အရွယ်ကွာဟမှုကြောင့်ဖြစ်ပါတယ်။

မိဘများ၏သဘောထားခံယူချက်

မိဘများပာာ သားသမီးများအား၎င်းတို့ရဲ့ သေးငယ်သောကိုယ်ပွားအဖြစ် မခံယူဘဲ မတူညီသော မျိုးဆက်တစ်ခုအဖြစ် မြင်တတ်ကြပါတယ်။ အသက်အရွယ်ကွာဟမှုသဘာဝအရမိဘများရဲ့အမြင်သည် လူငယ်ဆယ်ကျော်သက်များ၏အမြင်နှင့်လုံးဝခြားနားနေတတ်ပါတယ်။

အဝတ်အစားနဲ့ ပတ်သက်၍လည်းကောင်း
သူငယ်ချင်းအပေါင်းအသင်းနဲ့ ပတ်သက်၍လည်းကောင်း
ခံယူချက်သဘောထားနဲ့ ပတ်သက်၍လည်းကောင်း အမြင်ချင်းမတူညီဘဲရှိတတ်ပါတယ်။