ရှုဆေးများ

ရှုဆေးများသည် အိမ်သုံး၊ သို့မဟုတ် လုပ်ငန်း သုံး ဓါတုပစ္စည်း ထုတ်ကုန်များဖြစ်၍ စိတ် ပျော်ရွှင်လို သောကြောင့် ရှုခြင်းဖြစ်သည်။ ရှုဆေးအများစု ကို အိမ်အနီးဝန်းကျင်တွင် တွေ့ရ၍ ထိုအငွေ့ များကို ရှုခြင်းသည် တစ်ကြိမ်တည်း ရှုမိခြင်း ကပင်လျှင် ဦးနှောက်နှင့် ခန္ဓာကိုယ်ကို များစွာ ထိခိုက်စေ၍ သေဆုံးသည်အထိ ဖြစ်နိုင် ကြောင်း သတိမပြုမိကြပေ။ အမှန်မှာ ထို ထုတ်ကုန်များထဲမှ ဓါတုပစ္စည်းများသည် ဦးနှောက်၏ လုပ်ငန်းများကို ပြောင်းလဲစေပြီး ခန္ဓာကိုယ်တွင် အခြား ပြဿနာများကိုလည်း ဖြစ်စေနိုင်သည်။ ကော်ရှုခြင်းသည် ဆယ် ကျော်သက်များအကြား ခေတ်စားလာနေသည်။