မိခင်မှသန္ဓေသားသို့ HIV ပိုးကူးစက်မှုအားကာကွယ်ခြင်း (PMTCT)

ကိုယ်ဝန်ဆောင်နေစဉ်၊ မွေးဖွားစဉ်နှင့် နို့တိုက်ကျွေးစဉ်များတွင် မိခင်မှသန္ဓေသားသို့ HIV ပိုးကူးစက်နိုင်ပါသည်။ မိခင်မှ သန္ဓေသားသို့ HIV ပိုး ကူးစက်မှုအား ကာကွယ်ခြင်း PMTCT ဝန်ဆောင်မှုများကို မရယူပါက HIV ရှိသော မိခင်မှမွေးဖွားလာသော ကလေး(၃)ယောက်လျှင် (၁)ယောက်နှုန်း ခန့် ကူးစက်နိုင်ပါသည်။ သို့သော် PMTCT လုပ်ငန်းများဖြင့် ၎င်းကူးစက်မှုကို လူ(၁၀၀)လျှင် (၂)ယောက်အောက်ထိ ကူးစက်မှုလျော့နည်းအောင် ပြုလုပ် နိုင်ပါသည်။

မှတ်ချက်။             ။ကိုယ်ဝန်ဆောင်မိခင်များသာမက ၄င်းတို့၏လိင်ဆက်ဆံဖက်များ၊ HIV ပိုးရှိသော မိခင်များ၏ သားသမီးများနှင့် အခြားမိသားစုဝင်များအား HIV စစ်ဆေးရန် အတွက် တိုက်တွန်းကမ်းလှမ်းရန် အလွန်အရေးကြီး ပါသည်။

မိခင်ထံမှကလေးထံသို့ HIV ကူးစက်ခြင်းအားကာကွယ်ရန်အတွက် ရရှိနိုင်သောဆေးဝါးကုသမှုနည်းလမ်းများမှာအဘယ်နည်း။

ARTဆေးများကို မိခင်မှ ကလေးထံသို့ HIV ကူးစက်ခံရနိုင်ခြေကို လျှော့ချရန်အတွက် အသုံးပြုလေ့ရှိသည်။

HIV ပိုးရှိသော အမျိုးသမီးကိုယ်ဝန်ဆောင်ချိန် မီးဖွားချိန်နှင့် မီးဖွား ပြီးချိန်တို့တွင် သုံးမျိုးစပ်ARTဆေးကို တိုက်ကျွေးလေ့ရှိပြီး ကလေး မီးဖွားပြီး နောက်ပိုင်းတွင် ၄င်း ART ဆေးကို မရပ်ဘဲ တစ်သက်လုံး နေ့စဉ်အချိန်မှန်မှန် ဆက်လက်သောက်ရန် လိုအပ် ပါသည်။

မိခင်နို့တိုက်သည်ဖြစ်စေ၊ နို့မှုန့်တိုက်သည်ဖြစ်စေ မွေးဖွားပြီး ကလေးအား နေ့စဉ် ARV ဆေး(Nevirapine ဆေးရည်)ကို (၆)ပတ် အထိတိုက်ကျွေးလေ့ ရှိသည်။

သင်သည် ကိုယ်ဝန်ရှိနေပါက (သို့မဟုတ်) ကလေးနို့တိုက်နေပါက မိခင်မှ ကလေးသို့ HIV/AIDSကူးစက်ခြင်းအား ကာကွယ်မှု အကြောင်းကို သင်၏ ကျန်းမာရေးဝန်ဆောင်ပေးသူနှင့် ဆွေးနွေးပါ။