ရက်ရှောင်သော နည်းလမ်း

သားဥကြွေသောရက် (ကိုယ်ဝန်ရနိုင်သောရက်) ကိုတွက်နိုင်ပါသည်။ ရာသီလာချိန်မှန်သည့်အမျိုးသမီးများတွင် ရာသီမလာခင် (၁) ပတ်နှင့် ရာသီလာပြီး (၁) ပတ်သည် စိတ်ချရသော ရက်များ ဖြစ်ပါသည်။ ကြား (၂) ပတ်သည် သားဥကြွေသော ရက်များဖြစ်သဖြင့် ထိုရက်များတွင် လိင်ဆက်ဆံခြင်းမှ ရှောင်ကြဉ်ရန်လိုအပ်ပါသည်။ သို့မဟုတ် ထိုရက်များတွင် အခြားနည်းလမ်းတစ်ခုခု သုံးရမည်။

ရာသီလာချိန်မှန်သည့် အမျိုးသမီးများသာ ဤနည်းလမ်းကို ထိရောက်စွာသုံးနိုင်သည်။

ကောင်းကျိုးများ

  • ကုန်ကျစရိတ်မရှိပါ။
  • ဆေးဝါးပစ္စည်းမလိုအပ်ပါ။
  • ဘေးထွက်ဆိုးကျိုး မရှိပါ။

မကောင်းကျိုးများ

  • လိင်မှကူးစက်နိုင်သော ရောဂါများကို မကာကွယ်နိုင်ပါ။
  • ရာသီလာချိန်မမှန်သည့် အမျိုးသမီးများအဖို့ ကိုယ်ဝန် ရသွားနိုင်ပါသည်။အမျိုးသမီး (၁၀၀) ဤနည်းလမ်းကို တစ်နှစ်သုံးလျှင် (၂၅) ဦးခန့် ကိုယ်ဝန်ရနိုင်ပါသည်။
  • နှစ်ဦးလုံး သဘောတူဆောင်ရွက်ရမည်။