လိင်စိတ်ခံယူမှု

လိင်စိတ်ခံယူမှုဆိုသည်မှာ ပုံမှန်၊ မိန်းမလျာ၊ ယောက်ျားလျာနှင့် လိင်နှစ်မျိုးလုံး ဆက်ဆံသူတို့ ဖြစ်သည်။

လိင်စိတ်ခံယူမှုမှာ လိင်တူလိင်ကွဲအပ်ါတွင် စိတ်လှုပ်ရှားမှု နှင့် လိင်မှု ကိစ္စအရ ခံစားနိုင်စေနိုင်သည့် လိင်ပိုင်းဆိုင်ရာစိတ်ဝင်စားမှုမျိုး ဖြစ်သည်။

လိင်စိတ်ခံယူမှုနှင့် စပ်လျဉ်း၍ သတ်မှတ်ချက် အမျိုးမျိုးရှိသည်။

  • ဆန့်ကျင်ဘက်လိင်မှ ဆွဲဆောင်ခြင်းခံရသူကို ပုံမှန် (သို့မဟုတ်) လိင်ကွဲဆက်ဆံသူဟု ခေါ်သည်။
  • လိင်တူသူမှ ဆွဲဆောင်ခြင်း ခံရသူကို မိန်းမလျာ၊ ယောက်ျားလျာ (သို့မဟုတ်) လိင်တူဆက်ဆံသူဟု ခေါ်သည်။
  • အမျိုးသား အမျိုးသမီး နှစ်မျိုးလုံးမှ ဆွဲဆောင်ခြင်း ခံရသူကို လိင်နှစ်မျိုးလုံး ဆက်ဆံသူဟု ခေါ်သည်။
  • လိင်တူ၊ လိင်ကွဲ၊ လိင်ပြောင်းလဲထားသူ၊ လိင်နှစ်မျိုးရှိသူတို့မှ ဆွဲဆောင်ခြင်းခံရသူကို လိင်မျိုးစုံ ဆက်ဆံသူ (queer) ဟု ခေါ်သည်။
  • မည်သူကမှ လိင်ဆွဲဆောင်မှု မပြုနိုင်သူကို လိင်မှုကိစ္စကင်းမဲ့သူ ဟုခေါ်သည်။