ချစ်ခြင်းနှင့် လက်ထပ်ခြင်းဆိုတာ တစ်ထပ်တည်းကျသလား…

ချစ်ခြင်းနှင့် လက်ထပ်ခြင်းသည် ဒွန်တွဲနေသော အရာဖြစ်သည်။ အချစ်နှင့် လက်ထပ်ခြင်းသည် အများစုအတွက် တစ်ထပ်တည်းကျသော်လည်း တစ်ချို့လူများအတွက်တော့ တစ်ထပ်တည်းမကျနိုင်ပါဘူး။ လက်ထပ်ခြင်းဆိုသည်မှာ မတူညီသောဘဝနှစ်ခုကို ဘဝတစ်ခုအဖြစ်ပေါင်းစပ် တည်ဆောက်ရခြင်းဖြစ်ပါတယ်။ ထို့သို့ ဘဝတစ်ခုတည်ဆောက်ဖို့ရန်အတွက် ချစ်သူရည်းစားဘဝဟာအလွန်အရေးပါတဲ့ အခန်းကဏ္ဍဖြစ်ပါတယ်....။ ထို့အပြင် လက်ထပ်ခြင်း(အိမ်ထောင်ပြုခြင်း) သည် လူတစ်ယောက်၏ဘဝမှာ အရေးကြီးသောအမှားမခံနိုင်သောဆုံးဖြတ်ချက်တစ်ခုကို ချရခြင်းလည်းဖြစ်ပါတယ်....။ ထိုဆုံးဖြတ်ချက်ကပင် လူတစ်ယောက်ရဲ့ဘဝကို တဆစ်ချိုး ပြောင်းလဲနိုင်စွမ်းရှိပြန်ပါတယ်....။ ဒါ့ကြောင့် မြန်မာစကားပုံတွင် “အိမ်ထောင်မှု ဘုရားတည်  ဆေးမှင်ရည် စုတ်ထိုး ဤသုံးမျိုးချက်မပိုင် နောင်ပြင်ရန်ခက်သည့် အမျိုး..”ဟု ဆိုရိုးရှိခဲ့ခြင်းဖြစ်ပါတယ်….။ ချစ်သူရည်းစားဘဝဟာ အရေးပါတဲ့အတွက် ထိုအခိုက်အတန့်မှာ မိမိ၏ချစ်သူအား လေ့လာရန်အကောင်းဆုံးသောအချိန် အခွင့်အလမ်းဖြစ်ပါတယ်….။ဒါကြောင့် မိမိနှင့် မိမိချစ်သူရည်းစား၏ အကြိုက်များ၊ တန်ဖိုးထားမှုများ၊ အမူအကျင့်များစသဖြင့် မတူညီသောအရာများကို ညှိနှိုင်းဆွေးနွေးဖို့လိုပါတယ်…..။ နောက်မှ လက်ထပ်ခြင်းအဆင့် သို့တက်လှမ်းရမည်ဖြစ်သည်။ ထိုအဆင့်တွင် ညှိနှိုင်း၍ လက်ထပ်ဖြစ်သွားသော ချစ်သူရည်းစားများရှိသကဲ့သို့ အဆင်မပြေညှိနှိုင်းမရဘဲ လမ်းခွဲခဲ့ရသော ချစ်သူရည်းစားများစွာလည်း ရှိပါတယ်…။