လိင်အင်္ဂါကြွက်နို့သည်မည်သို့ကူးစက်နိုင်သနည်း။

လိင်အင်္ဂါကြွက်နို့သည် လိင်အင်္ဂါနှင့်လိင်အင်္ဂါတစ်ဝိုက်ရှိအရေပြားပေါ်တွင်ပေါက်ပါသည်။ ယင်းအား HPV ဗိုင်းရပ်အမျိုးအစားအချို့က ဖြစ်ပွားစေပါသည်။ ကြွက်နို့များသည် လူတစ်ဦးထံမှတစ်ဦးထံသို့ အရေပြားချင်းထိတွေ့မှုမှ ကူးစက်ပါသည်။ များသောအားဖြင့် လိင်ဆက်ဆံမှုပြုစဉ်တွင် ဖြစ်ပါသည်။

HPV အမျိုးအစား၁၀၀ကျော် ရှိပါသည်။ အချို့ HPV အမျိုးအစားများသည် ခန္ဓာကိုယ်၏အခြားအစိတ်အပိုင်းအမျိုးမျိုးတွင် ကြွက်နို့ပေါက်စေပါသည်။ ဥပမာအဖြစ်များသော ခြေထောက်နှင့်လက်ရှိ ကြွက်နို့များဖြစ်ပါသည်။ အချို့သည်ကင်ဆာအချို့ကိုဖြစ်ပေါ်သည်။ ယင်းတို့အားအန္တရာယ်များသော HPV အမျိုးအစားများဟုခေါ်ပါသည်။ အချို့သည် လိင်အင်္ဂါတွင် ကြွက်နို့ဖြစ်စေပါသည်။