အချစ်ဆိုတာဘာလဲ

ကမ္ဘာပေါ်ရှိလူအမျိုးမျိုးမှအချစ်ရဲ့အဓိပ္ပါယ်ကိုအမျိုမျိုးဖွင့်ဆိုကြသော်လည်းတူနိုင်မည်မဟုတ်ပါ။
- အချစ်ဆိုတာ စိတ်ခံစားမှုတစ်ခုပါ။
- နူးညံ့သိမ်မွေ့တဲ့စိတ်ခံစားမှုတစ်ခုလို့လည်းဆိုကြသလို တစ်ချို့ကရယူပိုင်ဆိုင်ခြင်း၊ ပေးဆပ်ခြင်းလို့ ဆိုကြ ပါသည်။
- နှစ်နှစ်ကာကာ မြတ်နိုးမှုနှင့် တန်ဖိုးထားမှု လိုအပ်ပါသည်။
       - မိမိမြတ်နိုးသောအရာနှင့် နှိင်းယှဉ်ပြီး မှန်ကန်သောအချစ်ကိုရှာဖွေလေ့ရှိသော်ငြားလည်း 
ဆယ်ကျော်သက်အရွယ်တွေမှာ ရင်ခုန်တိုင်းအချစ်လို့မမှတ်ယူဘဲတန်ဖိုးထားမှုနဲ့  စဉ်းစားသင့်ပါသည်။
- အချစ်ဆိုတာ ……..  တစ်ဉီးတစ်ယောက်က အခြားတစ်ဉီးတစ်ယောက်အပေါ် စွဲလမ်းနေမည်၊ သူ့အကြောင်းကိုပဲအစဉ်အမြဲသတိရနေမည်လို့ ပြောနိုင်ပါသည်။
-သင်ဟာအသက်ကြီးကြီးငယ်ငယ် မည်သည့်အသက်အရွယ်ရောက်နေစေကာမူ အချစ်ကို ခံစားနိုင်ပါသည်။
- လူတွေသည် ဘဝမှာ အချစ်ကြောင့် နစ်နာဆုံးရှုံးမှုတွေရှိခဲ့သလို အချစ်ကိုပဲဘဝအတွက် တွန်းအားတွေအဖြစ် ပြောင်းလဲပြီး အောင်မြင်မှုတွေဆွတ်ခူးနိုင်ခဲ့တာတွေလည်းရှိပါသည်။
-  အချစ်ဆိုတာ သူချည်းဆိုနှစ်လိုဖွယ်ကောင်းတဲ့ ခံစားမှုတစ်ခုဖြစ်နေနိုင်ပေမဲ့ အခြားခံစားချက်တွေဖြစ်တဲ့ ပိုင်ဆိုင်လိုမှုတွေ၊ မနာလိုသဝန်တိုမှုတွေ၊ စိတ်မချမှုတွေနဲ့ရောပြီး ချစ်မိတဲ့အခါမှာတော့ အချစ်ဟာနှစ်လိုဖွယ် မကောင်းတဲ့ နာကျင်စရာ၊ ဝမ်းနည်းစရာစသော ခံစားမှုများနှင့် ရောနှောသွားတတ်ပါသည်။
-  စစ်မှန်သော အချစ်သည် Crush နှင့် လိင်ပိုင်းဆိုင်ရာဆွဲဆောင်ခံစားမှုတို့ထက်ပိုပါသည်။
-  စစ်မှန်သော အချစ်ကိုရဖို့အတွက် ကိုယ့်ထံက စစ်မှန်သော ချစ်ခြင်းတရားတွေကို ပေးရန်လိုအပ်ပါသည်။  အဘယ်ကြောင့်ဆိုသော် ချစ်ခြင်းမေတ္တာသည် မေတ္တာရောင်ပြန်ဟပ်တတ်ခြင်းကြောင့် ပင်ဖြစ်သည်။
ထို့ကြောင့် အချစ်ရဲ့အဓိပ္ပာယ် မတူညီရသောအကြောင်းအရင်းများမှာ လူတစ်ဉီးနှင့် တစ်ဉီး တန်ဖိုးထားမှုများ၊ အတွေ့အကြုံများ ၊ ယဉ်ကျေးမှုများနှင့် ကိုယ်တိုင်သတ်မှတ်ထားသော စံများ ကြောင့်ပင် ဖြစ်ပါသည်။