ဟော်မုန်းအသုံးပြုသည့် နည်းလမ်းများ

  • ပရိုဂျက်စတီရုန်းနှင့် အီစတြိုဂျင် ကဲ့သို့သော ဟော်မုန်းများ ပါဝင်ပြီး သားဥမကြွေရန် တားဆီးခြင်း၊ သားအိမ်ခေါင်းမှထွက်သော အချွဲကို ပြစ်ခဲစေခြင်း၊ သားအိမ်နံရံကို ပါးလွှာစေ၍ သန္ဓေမတည်စေရန် တားဆီးခြင်းတို့ဖြင့် သားဆက်ခြားစေသည်။
  • အမျိုးသမီးများသုံးရန်အတွက်သာဖြစ်သည်။

ဘေးထွက်ဆိုးကျိုးများ

အမျိုးသမီးတစ်ဦးနှင့်တစ်ဦး ကွာခြားသည်။ ဘေးထွက်အာနိသင်အများစုမှာ ၃လအတွင်း ပျောက်သွားတတ်သည်။ ဖြစ်နိုင်ခြေရှိသော ဘေးထွက်အာနိသင်များမှာ

  • ရာသီလာသည့်ရက် ပုံမမှန်ဖြစ်ခြင်း
  • ပျို့အန်ခြင်း
  • ရင်သားနာကျင်ခြင်း
  • စိတ်ခံစားမှု ပြောင်းလဲခြင်း
  • အချို့ဆေးဝါးများနှင့် ဆေးအချင်းချင်း ဓါတ်ပြုမှုရှိခြင်း

နည်းလမ်းများ

၁။ ဟော်မုန်းနှစ်မျိုးပါ နေ့စဉ်သောက် သားဆက်ခြားဆေး
၂။ ဟော်မုန်းတစ်မျိုးပါ နေ့စဉ်သောက် သားဆက်ခြားဆေး||
၃။ သားဆက်ခြားထိုးဆေး (အသားဆေး၊ အရေပြားအောက်ထိုးဆေး) - ဒီပို ပရိုဗီရာ
၎။ အရေးပေါ်သားဆက်ခြားသောက်ဆေး