လူပျိုဖော်၊ အပျိုဖော်ဝင်ခြင်းဆိုသည်မှာ

လူပျိုဖော်၊ အပျိုဖော်ဝင်ခြင်းဆိုသည်မှာ

 

အပျိုဖော်၊ လူပျိုဖော်ဝင်ခြင်းသည် ပျမ်းမျှအားဖြင့် အသက် ၉ နှစ်မှ ၁၆ နှစ်အတွင်း လူတိုင်းဖြတ်သန်းရမည့် ကာလအပိုင်အခြားတစ်ခု ဖြစ်သည်။ ပုံမှန်အားဖြင့် မိန်းကလေးများသည် ယောင်္ကျားလေးများထက် စော ၍ အပျိုဖော်ဝင်လေ့ရှိသည်။

လူပျိုဖော် အပျိုဖော်ဝင်ချိန်အတွင်းတွင် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများပါ လျှင်မြန်စွာ ဖြစ်ပေါ်နေပြီး ထိုပြောင်းလဲမှုများသည် တစ်ဦးနှင့် တစ်ဦးမတူညီပါ။