သင် ကိုယ်ဝန်ရှိပါက ကျန်းမာသောမိခင် ဖြစ်၍ ကျန်းမာသော ကလေးကို မွေးဖွားနိုင်စေရန် သင့် ကျန်းမာရေးကို ဂရုစိုက်ရန် အရေးကြီးသည်။
ပုံမှန်အားဖြင့် ကိုယ်ဝန်ရှိနေစဉ် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုခံယူရန် အရေးကြီးသည်။ မွေးဖွားချိန်တွင် ကျွမ်းကျင်သော မွေးဖွားပေး သူ ရှိနေရန် လိုသည်။ ကျန်းမာပြီး အန္တရာယ်ကင်းစွာ မွေးဖွားနိုင်ရန် ဖြစ်သည်။
ကိုယ်ဝန်ဆောင်ချိန်စောင့်ရှောက်ပါ။
-
ကိုယ်ဝန်ရှိမှန်းသိလျှင်သိချင်း ကျန်းမာရေးဝန်ထမ်းနှင့် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု အနည်းဆုံး (၄) ကြိမ် ခံယူပါ။
-
မေးခိုင်ကာကွယ်ဆေး နှစ်ကြိမ်ထိုးပါ။
-
သံဓါတ်အားဆေးပြားကို မနက်တစ်လုံး၊ ညတစ်လုံး သုံးလထက်မနည်းသောက်ပါ။
-
ကိုယ်ဝန်(၄)လကျော်လျှင် သန်ချဆေးတစ်ကြိမ်သောက်ပါ။
-
ကလေးမမွေးခင်(၁)လ မှ မွေးဖွားပြီး (၃)လ အထိ ဗီတာမင်ဘီဝမ်းကို ညွှန်ကြားသည့်အတိုင်းသောက်ပါ။
-
အာဟာရပြည့်ဝစွာစားပါ။ အနားယူပါ။
-
မူးယစ်ဆေးဝါး၊ ဆေးလိပ်၊ အရက်နှင့် ပင်ပန်းခြင်းကိုရှောင်ကြဉ်ပါ။
-
ကျန်းမာရေးဝန်ထမ်း၏ ညွှန်ကြားချက်များကိုလိုက်နာပါ။
-
အန္တရာယ်ကင်းစွာ မွေးဖွားနိုင်ရန်ကြိုတင်စီစဉ်ပါ။
-
အန္တရာယ်လက္ခဏာ တစ်စုံတစ်ရာတွေ့ရှိပါက သက်ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းသို့ အချိန်မီ သွား၍ပြပါ။
ကျွမ်းကျင်သူနှင့်မွေးဖွားပါ
-
တစ်ခါသုံး မွေးဖွားအိတ်ငယ်ကို အသုံးပြုပါ။
-
မွေးဖွားသည့်နေရာ၊ မွေးဖွားစဉ် အသုံးပြုမည့် အသုံးအဆောင်များ သန့်ရှင်းအောင်ကြိုတင်ပြင်ဆင်ထားပါ။
-
ဆရာဝန် (သို့) သူနာပြုဆရာမ (သို့) အမျိုးသမီးကျန်းမာရေးဆရာမ (သို့) သားဖွားဆရာမ စသည့် ကျွမ်းကျင်သူများနှင့် မွေးဖွားပါ။
-
ဖြစ်နိုင်ပါက ဆေးရုံ၊ ဆေးခန်းများတွင် မွေးဖွားပါ။
ကိုယ်ဝန်ဆောင်မိခင်များအတွက အန္တရာယ် လက္ခဏာများ
အောက်ပါအခြေအနေများ ဖြစ်ပေါ်လာပါက ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနသို့ နေ့ညမဆိုင်းချက်ချင်းပြပါ။
-
မိန်းမကိုယ်မှ သွေးဆင်းခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်း
-
ခေါင်းပြင်းထန်စွာ ကိုက်ပြီး အမြင်မှုန်ဝါးခြင်း
-
အန်ခြင်း၊ ရင်ညွန့် (သို့) ညာဘက်နံရိုးအောက်အောင့်ခြင်း
-
ဝမ်းဗိုက် အလွန်အမင်းဆက်တိုက်နာခြင်း
-
ဖျားပြီး အိပ်ရာမှ မထနိုင်လောက်အောင် အားနည်းခြင်း
-
အသက်ရှုမြန်ခြင်း၊ အသက်ရှုခက်ခြင်း
မွေးဖွားစဉ် အန္တရာယ်လက္ခဏာများ
အောက်ပါအခြေအနေများ ဖြစ်ပေါ်လာပါက ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနသို့ နေ့ညမဆိုင်းချက်ချင်းပြပါ။
-
ရေမွှာပေါက်ပြီး (၆)နာရီကြာသည့်တိုင်အောင် ဗိုက်မနာလျှင်
-
ဗိုက်နာပြီး (၁၂) နာရီကျော်သည်အထိ မမွေးသေးလျှင်
-
မွေးပြီးသွေးများဆင်လျှင် (သို့) ၅မိနစ်အတွင်း အောက်ခံပစ္စည်း၊ အ၀တ်တွင် သွေးများရွှဲနစ်နေလျှင်
-
ကလေးထွက်ပြီး ၁ နာရီကြာသည့်အထိအချင်းမကျလျှင်
မွေးဖွားပြီးစ မိခင်များအတွက် အန္တရာယ်လက္ခဏာများ
မီးတွင်းချိန်တွင် အောက်ပါအခြေအနေများဖြစ်ပေါ်လာပါက ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနသို့ နေ့ညမဆိုင်း ချက်ချင်းပြပါ။
-
သွေးဆင်းများလျှင်
-
ခေါင်းအလွန်ကိုက်ပြီး အမြင်မှုန်ဝါးလျှင်
-
တက်လျှင်
-
အသက်ရှုမြန်လျှင်၊ အသက်ရှုခက်ခဲလျှင်
-
ဖျားပြီး အိပ်ရာမှမထနိုင်လောက်အောင် အားနည်းလျှင်
မှတ်သားဖွယ်ရာများ
-
မိခင်နှင့်ကလေး၏ ကျန်းမာရေးအတွက် အနည်းဆုံး (၂)နှစ် မှ (၃)နှစ်အထိ သားဆက်ခြားသင့်ပါသည်။
-
မွေးပြီး (၄၂)ရက်မှ စတင်၍ သားဆက်ခြားနိုင်ပါသည်။
-
မလိုလားအပ်သော ကိုယ်ဝန်ရရှိခြင်းမှ ကင်းဝေးရန် မိမိနှင့်သင့်လျော်သော သားဆက်ခြား နည်းလမ်းကို ရွေးချယ်သုံးစွဲနိုင်ရန်အတွက် ကျန်းမာရေးဝန်ထမ်းများနှင့် တိုင်ပင်ဆွေးနွေးပါ။