HIV/AIDS နှင့် ကိုယ်ဝန်ဆောင်ခြင်း

သင်၏ HIV ပိုး အခြေအနေမည်သို့ပင်ရှိနေပါစေ သင်လည်း ကလေးလိုချင်နိုင်ပါသည်။ သင့်ထံတွင် HIV ပိုးကူးစက်ခံထားရပြီး ကိုယ်ဝန်ဆောင်ချင် လျှင်ဖြစ်စေ၊ ကိုယ်ဝန်ရှိသွားလျှင်ဖြစ်စေသင်၏ သန္ဓေသားကလေးထံသို့ HIV ကူးစက်သွားနိုင်ခြေကို လျှော့ချနိုင်ရန် အတွက် ကျန်းမာရေးဝန်ထမ်းတစ်ဦး နှင့် ချက်ချင်းတိုင်ပင် ဆွေးနွေးပါ။ သင့်အဖော်တွင် HIV ပိုးရှိပြီး သင်ကလေး လိုချင်လျှင် အန္တရာယ်ကင်းစွာ ကိုယ်ဝန်ဆောင်နိုင်ရန်အတွက် ရွေးချယ်စရာ နည်းလမ်းများနှင့် အစီအစဉ်များကို ဆွေးနွေးပါ။