ဤသည်မှာ စိတ်ချရသော လိင်ဆက်ဆံမှုဖြစ်သည်။

အနရာယ်ကင်းသော လိင်ဆက်ဆံမှု ဖြစ်ရန် လိင်ဆက်ဆံတိုင်း ကွန်ဒုံးအား စနစ်တကျ သုံးစွဲပါ။

မိမိ၏ အဖေါ်အား ကွန်ဒုံးနှင့် သနေတားနည်းလမ်းများ အသုံးပြုရန် မည်သို့ပြောဆိုရမလဲ
လိင်ဆက်ဆံခြင်းဖြင့် HIV နှင့် လိင်မှတစ်ဆင့် ကူးစက်ရောဂါများ ရရှိနိုင်သည်။ မလိုလားအပ်သော ကိုယ်ဝန်ကိုလည်းရရှိနိုင်သည်။ ၎င်းတို့ကို ကာကွယ်ရန် လိင်ဆက်ဆံတိုင်း ကွန်ဒုံးနှင့်သန္ဓေတား နည်းလမ်းများ စနစ်တကျအသုံးပြုရန် လိုအပ်သည်။ သို့မှသာ “စိတ်ချရသော လိင်ဆက်ဆံမှု ဖြစ်မည်။

ထိုသို့အသုံးပြုရန် သင့်အဖော်အားပြောရမည်။ ရှက်ရန် မလိုပါ။ ပြောဆိုရာတွင်လည်း သင့်တော်သော အချိန်ကိုရွေးချယ်ပါ။

- စအို (သို့မဟုတ်) ပါးစပ်ကိုအသုံးပြု၍ လိင်ဆက်ဆံမည်ဆိုပါက ကွန်ဒုံးကို အသုံးပြုပါ။

မည်သည်တို့မှာ အနရာယ်ကင်းသော လိင်မှုဆိုင်ရာအပြုအမူများ ဖြစ်ပါသလဲ

-လိင်ဆက်ဆံမှုမရှိခြင်း (HIVရောဂါပိုး ကူးစက်ခြင်းနှင့် ကိုယ်ဝန်ကို တားဆီးကာကွယ်နိုင်သည့် (၁၀၀)%ပြည့် စိတ်ချရသော နည်းလမ်းတစ်မျိုးတည်းသာဖြစ်သည်။

-ရောဂါမရှိသော အဖေါ်တစ်ဦးတည်းဖြင့်သာ လိင်ဆက်ဆံခြင်း၊၊

--သင့်အဖေါ်ကလည်း သင်တစ်ဦးတည်းဖြင့်သာ လိင်ဆက်ဆံခြင်း၊
-သင်နှင့် သင့်အဖေါ်တို့သည် လိင်မှတစ်ဆင့်ကူးစက်ရောဂါများ ရှိ/မရှိ၊ မှန်/မှန် စစ်ဆေးခြင်းသည် လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများကို ကာကွယ်ပါသည်။
သို့သော်လည်း မလိုလားအပ်သော ကိုယ်ဝန်ရရှိခြင်းမှ မကာကွယ်ပါ။

- သန္ဓေတားနည်းလမ်းများသည် ကိုယ်ဝန်မရအောင် ကာကွယ် သော်လည်း  လိင်မှတစ်ဆင့် ကူးစက် သောရောဂါများကို မကာကွယ်ပါ။ စိတ်ချရစေရန်အတွက် သန္ဓေတား နည်းလမ်းတခု အပြင် ကွန်ဒုံးကိုပါ သုံးပါ။

စိတ်ချရသော လိင်ဆက်ဆံမှု၏ အကျိုးကျေးဇူးများမှာ

  • သင့်ကိုယ်သင် ကာကွယ်ခြင်း
  • သင့်အဖေါ်ကို ကာကွယ်ခြင်း
  • စိတ်အေးချမ်းခြင်း